ဘင်း(Arc -7.2)

6.1K 587 15
                                    

<Unicode>
"ဒီမှာ ဒီမှာ"

ဘင်းခြံထဲကမြက်တေရိတ်နေတုန်းအနောက်ကခေါ်သံလေးကြောင့်လှည့်ကြည့်လိုက်တော့ဟိုအဖြူကောင်လေး။

"ရောက်ရောက်ချင်းမနားရပဲ အလုပ်လုပ်နေရလို့တောင်းပန်ပါတယ်"

*ဘာလို့လဲ သူ့အမှားလဲမဟုတ်ပဲနဲ့*

"ဟို ရော့ ကိုကို အဲ့ အကိုဘာမှမစားရသေးဘူးမလားဟင် ဒါလေးစားလိုက်"

လက်ထဲထည့်လာပေးတဲ့ပေါင်မုန့်ထုပ်လေးအားသူတွေတွေကြီးစိုက်ကြည့်နေမိသည်။ထိုကောင်လေးကိုမြင်ရင်သူ့စိတ်ကတမျိုးကြီးပဲ ဝမ်းနည်းသလိုဝမ်းသာသလိုနဲ့။ပီးတော့ခုနကသူလေးအမှတ်တမဲ့ခေါ်လိုက်တဲ့အခေါ်ဝေါ်ကိုလဲရင်းနီးနေသလိုပဲ။

"မကြိုက်ဘူးလားဟင်"

သူခေါင်းသာခါပြလိုက်မိသည်။

"ဟိုလေ သားနာမည်ကလုံလို့ခေါ်တယ် ဒီက အကို့ကိုဘယ်လိုခေါ်ရမလဲဟင်"

ဘင်းခနလောက်စဉ်းစားပီးမှ...

"ကိုကိုလေး"

"ကိုကိုလေး?မဆိုးဘူး အဲ့ဒါဆိုဒီနေ့ကစပီးကိုကိုလေးလို့ခေါ်မယ်နော်"

"အင်း"

စကားပြောနေရင်းရုတ်တရက်ဘင်းရဲ့နှဖူးကိုအကြည့်ရောက်သွားတော့ဒဏ်ရာကသွေးတေထွက်နေသေးသည်။

"ကိုကိုလေးဒဏ်ရာကသွေးတေထွက်နေသေးတယ် ဆေးမထည့်ရသေးဘူးလား"

"...."

"သားမှာလဲဆေးမပါလာဘူး ဘယ်လိုလုပ်ရမလဲ"

လက်လေးတေကိုလိမ်ယှက်ဆော့ကစားရင်းစဉ်းစားနေရာမှ..

"ဟို ကိုကိုလေး ကန်တော့နော်"

လက်အုပ်လေးချီကာတောင်းပန်ရင်းလုပ်လိုက်သည့်အပြုမူကြောင့်ဘင်းခမျာခေါင်းမွှေးတေပါထောင်ကုန်သည်။သူလေးလုပ်လိုက်သည်ကသူ့နှဖူးကဒဏ်ရာကိုလျှာနဲ့ယက်လိုက်ခြင်းပင်။

"ငယ်ငယ်က သားဒဏ်ရာရရင်မေမေကအဲ့လိုလုပ်ပေးနေကြလေ ဟီးး"

ဘင်းနှလုံးကရုတ်တရက်နှလုံးကအရှိန်မြန်စွာခုန်လာတော့မောလာသလိုဖြစ်ကာအသက်ရှူပင်ခက်လာသည်။

Save Him(Completed)Where stories live. Discover now