ဘုန်းထက်(Arc -1)

13.7K 968 24
                                    

<Unicode>
ဘုန်းထက် ကန်တင်းရောက်တော့လေပြည့်ကိုအရင်ရှာမိသည်။ခက်တာကလေပြည်ဟာ ဘယ်လိုရုပ်ရည်မျိုးရှိလဲသူမသိ။မျက်မှန်းတန်းမိလောက်မဲ့သူကို လှည့်ပတ်ရှာကြည့်တော့ ချောင်ကျကျစားပွဲဝိုင်းမှာထိုင်ပီးရှေ့ကမုန့်ကိုသည်းကြီးမည်းကြီးစားနေတဲ့ ကောင်လေးတစ်ယောက်။ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဘုန်းထက်ကိုကောင်လေးထိုင်နေတဲ့နားသို့သွားလိုက်သည်။

"ကိုယ်ဒီမှာထိုင်လို့ရမလား"

"ဗျာ"

သူပြောလိုက်တော့ မျက်လုံးဝိုင်းလေးတေနဲ့မော့ကြည့်လာတဲ့ကောင်လေးကြောင့် ရင်ထဲဒိန်းကနဲ။ပါးစပ်ထဲမှာလဲမုန့်တေကိုပလုတ်ပလောင်းနဲ့ တကယ့်ကိုလေပြည့်အတိုင်းပဲ။အကြည့်တေ အမူအကျင့်လေးတေကအစ။

"ကိုယ်ညောင်းလာပီ ထိုင်မယ်နော်"

"အော် ဟု ဟုတ်"

ကောင်လေးနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်တော့ ကောင်လေးကသူ့ဘာသာမုန့်ကိုဆက်စားနေသည်။ရှဥ့်လေးလို ပါးစပ်ထဲမုန့်တေအကုန်ထိုးထည့်ကာဝါးနေတဲ့သူလေးကြောင့် ဘုန်းထက်အသည်းယားကာထိုင်ကြည့်နေမိသည်။

"ဟို ဟို စားချင်လို့လားဟင်"

"ဟင်"

"ဟို စားချင်လို့လာကြည့်နေတာမဟုတ်ဘူးလား ရော့ စားပါ ရပါတယ်"

လက်ထဲကမုန့်ထုတ်တေကိုရှေ့တိုးပေးလာတာကြောင့် ခေါင်းအသာခါပြလိုက်ပီး..

"နေပါစေ မစားတော့ပါဘူး ကိုယ့်နာမည် ဘုန်းထက်ပါ"

"ဟုတ် ကျနော်က သွန်းဖြိုးပါ"

အချိုရည်ကိုပိုက်လေးနဲ့စုပ်သောက်ကာသူ့ကိုယ်သူပြန်မိတ်ဆက်နေတဲ့ ထိုကောင်လေးအား ဘုန်းထက်လုံးဝအကြည့်မလွှဲနိုင်တော့ပေ။ရုပ်ရည်လေးသာပြောင်းသွားတာ အကျင့်လေးတေက တစ်ပုံစံထဲ။နှုတ်ခမ်းတစ်စုံကြားမှပိုက်လေးကိုပြန်ထုတ်လိုက်တော့သွားရာလေးတေပါလာတယ်။ဒါဟာလေပြည်အအေးသောက်ရင် လုပ်နေကျ။

တဖြည်းဖြည်းနဲ့ဘုန်းထက်ရင်ထဲဝမ်းနည်းစိတ်များပြည့်လျှံလာတယ်။အမြဲတမ်းတွေ့နေကြထိုကောင်လေးကို သူလျစ်လျူရှုခဲ့တာ။မျိုးတူယောက်ျားလေးကိုမှချစ်မိသွားတာကို သူရှက်နေခဲ့တာ လက်မခံနိုင်ဖြစ်ခဲ့တာ။အဲ့ဒါကြောင့် လိုတာထက်ပိုပီး လေပြည့်ကိုအလုပ်တေခိုင်းပီး အနိုင်ကျင့်တယ် အပြစ်မရှိအပြစ်ရှာပီး ဒဏ်ပေးတယ်။သူစားပီးမှ စားရမယ် သူအိပ်ပျော်မှ အိပ်ရမယ် စတဲ့အဓိပ္ပါယ်မရှိတဲ့အရာတေပါလျှောက်လုပ်ခိုင်းခဲ့တယ်။သူလေးကတော့ ဘာမှမပြော ကိုယ်ခိုင်းသမျှလုပ်ပေးတယ် ကိုယ်အနိုင်ကျင့်သမျှခံတယ် ကိုယ့်အပေါ်အငြိုငြင်ခဲ့ဘူး။ဘယ်လောက်တောင်တုံးအလိုက်တဲ့ကောင်လေးလဲ လူကြောက်တတ်လို့ကျောင်းစာကိုတောင်အိမ်မှာဆရာခေါ်ပီးပဲ သင်ခဲ့တဲ့သူလေး။စာကလွဲရင် အပြင်လောကအကြောင်းနားမလည်တဲ့ကောင်လေး။ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှသံယောဇဉ်မတွယ်ခဲ့တဲ့သူလေး။ကိုယ့်ကိုချစ်မိတာတစ်ခုကြောင့် အသက်ကိုတောင်မနှမြောခဲ့သူလေး။တွေးရင်း တွေးရင်းနဲ့ ဘုန်းထက်ရင်ထဲမွန်းကြပ်လာတယ် မျက်ရည်တေကပါတားမရဆီးမရပြိုကျလာလေတော့...

Save Him(Completed)Where stories live. Discover now