ကားဗတ် (Arc -3.6)

7.8K 658 5
                                    

<Unicode>
(Warning ပါ❗သွေးထွက်သံယိုနဲ့လူသတ်ခန်းတချို့ပါတာမို့ အသည်းငယ်တဲ့သူတေမဖတ်ဖို့ပြောချင်ပါတယ် ကြောက်လို့ညဘက်အိပ်မပျော်ရင်ချော့သိပ်မယ့်သူမရှိပါဘူး😝)

#######

"ဒါလင် ဘာ ဘာလုပ်တာလဲ ဆူဇီကိုလွှတ်ပေးပါ"

"လွှတ်ပေးရမယ် အဟက်!"

ခြောက်ကပ်ကပ်ရယ်သံနဲ့အတူအနားတိုးကပ်လာတဲ့ကားဗတ်ကြောင့် ဆူဇီလန့်လာကာနောက်ကိုဆုတ်မိသည်။

"ဒါလင်!ဘာလုပ်မလို့လဲ!ဆူဇီလေဒါလင်ရဲ့ ဆူဇီကဒါလင့်ချစ်သူလေ သတိထားပါအုံး"

"ချစ်သူ အဟားဟား မင်းပါးစပ်ကထွက်တဲ့စကားမို့လားမသိဘူး အရမ်းကိုအော်ကလီဆန်ဖို့ကောင်းတာပဲ! အရှက်မရှိလိုက်တာ ကဲပါစကားအပိုပြောပီးအချိန်ကုန်မခံတော့ဘူး ကလေးကခနနေနိုးလာတော့မှ ကလေးမနိုးခင်အလုပ်လေးလက်စသတ်ရအောင်!"

"ဒါ ဒါလင် ဘယ်ကကလေးလဲ ဒါလင်စိတ်ကောမှန်သေးရဲ့လားဟမ်"

"မင်းခုနကရေထဲနှစ်လိုက်တဲ့အရုပ်ထဲမှာ ငါ့ကလေးလေးရှိနေတာ မင်းကားနဲ့တိုက်လို့သေသွားခဲ့ရတဲ့ငါ့ကလေးက အဲ့အရုပ်ထဲမှာရှိနေတာ!!!!"

"ဒါလင်ဘာတေပြောနေတာလဲ ဆူဇီဘာမှမသိဘူး!"

"မသိဘူး?ရော့ ဒါကိုဖတ်ကြည့်"

ပစ်ပေးလာတဲ့သတင်းစာရဲ့မျက်နှာဖုံးမှာနေရာယူထားတဲ့သတင်းက သူမအကြောက်တရားကိုနှိုးဆွလိုက်တာပင်။

"ဒါ ဒါက?"

"ဟုတ်တယ် မင်းကြောင့်သေဆုံးသွားရတဲ့ မွန်းလေးက မင်းရေနှစ်လိုက်တဲ့အရုပ်ထဲမှာနေနေရတာ!! ငါသာအချိန်မှီမရောက်လာရင် ကလေးက...တောက်စ်!!!အခုမင်းပြန်ပေးဆပ်ရမယ့်အချိန်ပဲ!"

ဓားကိုလက်ထဲကျစ်နေအောင်ကိုင်တာအနားရောက်လာတဲ့ကားဗတ်ကြောင့်...

"ဒါလင်!မလုပ်ပါနဲ့ ရှင်ကျမကိုဘာလုပ်မလို့လဲ!"

"သိပ်လဲမလန့်ပါနဲ့ ငါကမင်းရဲ့နှလုံးကိုထုတ်ရုံပါပဲ မင်းကိုမသတ်ပါဘူး"

"လွှတ်စမ်း!ရှင်ရူး...အားး!!"

ရင်ဝတည့်တည့်ထိုးစိုက်ခံလိုက်ရတာကြောင့် သူမရဲ့အော်သံကအခန်းထဲတွင်ကျယ်လောင်စွာထွက်ပေါ်လာသည်။

Save Him(Completed)Where stories live. Discover now