လီမင်(Arc -4.1)

7.8K 663 11
                                    

<Unicode>
"ယောင်းလေး စားကောင်းလား"

"ဟုတ်"

"တော့ပုကီကအရမ်းစပ်နေလားဟင် ကိုယ်အချိုမှာပေးရမလား"

တော့ပုကီပန်းကန်ကိုထိတောင်မထိတဲ့သူလေးကြောင့်လီမင်မေးလိုက်သည်။

"စီနီယာရယ် ကိုယ့်ဘာသာစားပါ သူ့ကိုဂရုစိုက်မနေနဲ့ သူဘာသာစားချင်တာစားပါလိမ့်မယ်"

ဟန်ရှင်းတကယ်ကိုဟန်မဆောင်နိုင်တော့ပေ။ဘယ့်နှယ့် ကိုယ်ကတော့စကားတေလှိမ့်ပြောနေတာ သူကတော့ကိုယ့်ကိုရှိတယ်လို့တောင်မထင်ပဲ ဘာမဟုတ်တဲ့ဟန်ယောင်းကိုပဲပေါက်ထွက်မတက်ကြည့်နေတာ သူရှိနေတယ်ဆိုတာတောင်မေ့နေသလိုပဲ။

ဟန်ယောင်းကသူ့ညီနဲ့လီမင်ကြားမှာနေရခက်လာသလိုနဲ့ မျက်နှာလေးပျက်လာကာငိုတော့မယောင်ဖြစ်လာတာမို့ လီမင်ဘာမှဆက်မပြောတော့ပေ။ထို့နောက်ခေါင်းထဲပေါ်လာတဲ့အကြံကြောင့်ဝိတ်တာကောင်လေးအားခေါ်လိုက်ပီးတစ်ခုခုပြောလိုက်သည်။ခန​နေတော့ဝိတ်တာလေးကဝိုင်သုံးခွက်တင်ထားတဲ့ဗန်းနဲ့အတူပြန်ဝင်လာသည်။

"ကိုယ်တို့ခင်မင်တဲ့အထိန်းမှတ်အနေနဲ့ဂုဏ်ပြုလိုက်ကြရအောင်"

ထို့နောက်သုံးယောက်သားတစ်ပြိုင်တဲ့မော့သောက်လိုက်ကြသည်။သိပ်မကြာခင်မှာပဲဟန်ရှင်းရောဟန်ယောင်းပါရီဝေဝေဖြစ်လာကြသည်။ဝိုင်ခွက်ထဲကိုအရက်အပြင်းစားနည်းနည်းထည့်ခိုင်းလိုက်တာကြောင့် အူရိုင်းလေးဖြစ်တဲ့ဟန်ယောင်းကတော့စားပွဲပေါ်မှောက်ယက်လေးအိပ်ပျော်သွားပီ။

"စီနီယာ ဟင့် ကျနော်မူးလာသလိုပဲ အိမ်မပြန်နိုင်တော့ဘူး လိုက်ပို့ပါလားဟင်~~"

ဟန်ရှင်းကထိုင်နေရာကထလာပီးလီမင်ကိုပွတ်သပ်ကာညူတုတုလေးပြောလာတာကြောင့် ဟန်ရှင်းလက်နှစ်ဖက်ကိုချုပ်လိုက်ပီး သူ့စတူဒီယိုကလူတစ်ယောက်ကိုဖုန်းဆက်ကာသူတို့ကိုလာကြိုခိုင်းလိုက်သည်။ခနကြာတော့ထိုကောင်လေးရောက်လာသည်။

"သူ့ကိုသေချာအိမ်ပြန်ပို့ပေးလိုက်"

"bossကရော"

"ငါTaxiငှါးပီးပြန်လိုက်မယ်"

ထို့နောက်အိပ်ပျော်နေတဲ့ကောင်လေးကိုပွေ့ချီကာtaxiငှါးပီးနီးရာhotleဆီသို့မောင်းခိုင်းလိုက်သည်။အစကတော့ချက်ချင်းခေါ်သွားဖို့မစဉ်းစားခဲ့ဘူး ဒါပေမယ့် ခုနကအခြေနေကြောင့်ယောင်းကအိမ်ပြန်ရင်ဟန်ရှင်းအနိုင်ကျင့်တာခံရမှာဆိုးလို့ပင်။

Save Him(Completed)Where stories live. Discover now