ဘုန်းထက်(Arc -1.6)

9.8K 808 10
                                    

<Unicode>
"ဒီကမောင်လေးကသွန်းဖြိုးထင်တယ်"

"ဟို ကျနော်နဲ့သိတာလား"

"အဟင်း မောင်လေးကအမကိုမမှတ်မိဘူးပဲ ထားလိုက်ပါ အမပြန်မိတ်ဆက်ပေးမယ် အမနာမည်ခင်ခင်ခ ကိုဘုန်းရဲ့မိတ်ဆွေလေ"

"အော် ဟုတ်"

"ကိုဘုန်းလဲမတွေ့ပါလား"

"ကိုကိုလေးက ဆေးပေးခန်းသွားတယ်"

"သူနေမကောင်းဘူးလား"

"ဟို တကယ်တော့ ကျနော့်အတွက်ဆေးသွားယူပေးတာပါ"

"သွားတာကြာပီလား"

"ဟုတ်နည်းနည်းကြာပါပီ ဆေးခန်းမှာလူများနေလို့ထင်တယ်"

အူတူတူပုံလေးနဲ့သွန်းအားခင်ခင်ခစိတ်ထဲကနေအထင်သေးလိုက်သည်။

"အမခုလိုမေးနေတာတေကိုစိတ်မရှိပါနဲ့နော် အမကသေချာအောင်ပါ"

"ဟို ဘာ ဘာကိုလဲမသိဘူး"

"အော် အမဒီလာတုန်းကလေ လမ်းမှာဘုန်းထက်ကိုတွေ့လိုက်တယ် ကျောင်းနောက်ကစာသင်ခန်းအပျက်ကိုသွားနေတာ လူသုံးယောက်လဲပါတယ် ကြည့်ရတာရန်ဖြစ်တော့မလိုပဲ"

"ဗျာ ဟုတ်လား ဟို အခု အခုကိုကိုလေးကဘယ်မှာလဲဟင်"

"အဲ့မှာပဲရှိအုံးမယ်ထင်တယ် ဟိုလူတေကလူရမ်းကားတေဘုန်းထက်ကိုတစ်ခုခုတောင်နိုင်တယ်"

"ဟင့် ကိုကိုလေး ဟိုအမ ကျနော်လိုက်သွားလိုက်အုံးမယ်နော် လာပြောပေးလို့ကျေးဇူးပါဗျ"

လွယ်အိတ်တောင်မသယ်နိုင်ပဲပြေးထွက်သွားတဲ့သွန်းလေးကိုကြည့်ကာ မဲ့ပြုံးလိုက်ပီးဖုန်းထုတ်ကာနံပါတ်တစ်ခုသို့ခေါ်လိုက်သည်။

"တာဝန်ကျေပစေ အကို ငါသူ့ကိုလွှတ်လိုက်ပီ"

.......

သွန်းစာသင်ခန်းအပျက်ဆီသို့အပြေးတပိုင်းရောက်လာကာ အထဲကိုဝင်ဖို့လုပ်ပေမယ့်ကြောက်စရာကောင်းတဲ့ပတ်ဝန်းကျင်ကြီးကြောင့်တုန်လှုပ်နေတယ်။

"ကိုကိုလေး တစ်ခုခုဖြစ်နေရင်ရော ဟင့် သတ္တိမွေးစမ်းသွန်းလေး"

သွန်း စိတ်ပိုင်းဖြတ်ကာထိုအခန်းထဲဝင်ကာ ဘုန်းထက်ကိုလှည့်ပတ်ရှာနေတုန်း..

Save Him(Completed)Where stories live. Discover now