Real Life

7.1K 581 14
                                    

<Unicode>
"ကို~~"

တိမ်တိုက်သူမကိုမသိချင်ယောင်ဆောင်လို့ ဝေယံအလာကိုစောင့်နေသည်။

"ကို ဘာလို့ဒေစီ့ဖုန်းတေကိုမကိုင်တာလဲဟင် နေမကောင်းဘူးလား"

အနားရောက်လာကာနှဖူးကိုထိဖို့လုပ်တဲ့သူမလက်ကိုရှောင်လိုက်ပီး..

"ဖယ်စမ်း!!"

"ကို ဘာဖြစ်လို့လဲဟင် ဒေစီကိုစိတ်ကောက်နေတာလား ဒေစီဘာလုပ်မိလို့လဲဟင်"

ဝုန်းး

ထပ်မံသူ့အားဖက်ရန်လုပ်နေတာကြောင့်သူမအားဆောင့်တွန်းပစ်ကာ..

"မင်းကိုဖယ်လို့ပြောနေတယ်လေ!!"

"ကို!ဒေစီကိုတွန်းထုတ်တယ် ဘာလို့လဲ?"

"မင်းကိုရွံလို့လေ ဒီမှာဒေစီကိုငါမင်းကိုရှင်းရှင်းပဲပြောမယ် မင်းနဲ့ငါကအခုဘာမှမပတ်သက်တော့ဘူး ငါမင်းကိုမသတ်မိခင်ငါ့မျက်စိရှေ့ကအခုထွက်သွား!"

"ဘာလို့လဲ ဒေစီဘာလုပ်မိလို့လဲ ကိုရယ်"

"ဟက် မင်းအကြောင်းတေငါမသိဘူးထင်နေရင် မင်းကိုမင်းသိပ်အထင်ကြီးလွန်းနေပီ ငါလူမသတ်ချင်ဘူးအခုထွက်သွားတော့!!"

"ဟင့် ကို့ကိုဘယ်သူတေကဘာတေပြောလိုက်လို့လဲ သူတို့ကိုမယုံပါနဲ့နော်ကို ဒေစီ့မှာကိုတစ်ယောက်ထဲရှိတာပါ ယုံပါ"

မျက်ရည်လေးတေစီးကျကာ ခခယယတောင်းပန်နေတဲ့ဒေစီကိုကိုအရင်တိမ်တိုက်သာဆိုရင်ကြင်နာစွာနှိမ့်သိမ့်ပေးလိမ့်မည်။သို့သော်အခုကတော့မဟုတ် သူမကသူ့အမုန်းဆုံးသူတစ်ယောက်ဖြစ်နေပီ။အခုချက်ချင်းထမသတ်မိအောင်တောင်စိတ်ကိုမနည်းထိန်းနေရတာ။

ထိုအချိန်မှာပဲဝေယံကပြန်ရောက်လာတာကြောင့်သူ့လက်ထဲကစာရွက်တေကိုဆွဲယူလိုက်ပီး...

"ငါပြန်ပီ ဒီမိန်းမကိုဆွဲထုတ်သွားလိုက်!"

"ကို!ကို!"

ဒေစီကိုမှာအဲ့နေရာမှာပဲကျန်ခဲ့ပီးထွက်သွားတဲ့တိမ်တိုက်ကိုအော်ခေါ်နေသည်။အခြေနေတေကရတ်တရက်ဆန်လွန်းတာကြောင့်ဘာတေဖြစ်သွားမှန်းကိုတောင်မသိလိုက်။

Save Him(Completed)Where stories live. Discover now