Real Life

6.8K 501 5
                                    

<Unicode>
(host!host!)

တိမ်တိုက်အမြင်အာရုံတေဝေဝါးနေသည်။မျက်လုံးအားလက်နှစ်ဖက်နဲ့ပွတ်ကာပြန်ဖွင့်ကြည့်တော့တောင်ကုန်းလေးတစ်ခုပေါ်မှာပင်။အရိပ်ကောင်းတဲ့သစ်ပင်ကြီးတစ်ပင်အောက်တွင်သူကမတ်တပ်ရပ်နေတာပင်။

(host!)

မျက်စိတစ်မှိတ်အတွင်းမှာသူ့ရှေ့ရောက်လာတဲ့ကလေးတစ်ယောက်။ခရမ်းရောင်မျက်လုံးလေးတေနဲ့ကလေးကသူ့မှတ်ဉာဏ်ထဲကကလေးလေးနဲ့တစ်ပုံစံထဲ။

(မိုင်လို မင်းလား)

(ဟီးး ဟုတ်ပါတယ်host)

(ငါမင်းကိုသတိရနေတာ)

(ကျနော်လဲအရမ်းသတိရတယ် ကျနော်hostနဲ့လာနေချင်တယ် hostခွင့်ပြုမှာလားဟင်)

(ခွင့်ပြုတာပေါ့ မင်းလာနေလို့ရတယ်)

(ဒါဆိုကျနော်မကြာခင်လာခဲ့မယ်နော် ဖေဖေ)

(ဟင်!)

သူ့ရှေ့ကကလေးငယ်ဟာအဖြူရောင်အလင်းတန်းလေးအဖြစ်ပြောင်းသွားကာတစ်စုံတစ်ယောက်ထဲဗိုက်ထဲဝင်သွားသည်။ထိုလူကတခြားသူမဟုတ်သူ့ရဲ့ကလေးငယ်လေပြည်သာ။

"အား!"

တိမ်တိုက်သူ့အိပ်မက်ကအလန့်တကြားနိုးလာသည်။သူ့ဘေးကကလေးငယ်ကအသက်ရှူသံမှန်မှန်လေးနဲ့အိပ်ပျော်နေသည်။သူလေးကိုယ်တွင်လတ်လတ်ဆက်ဆက်ကိုက်ရာစုပ်ရာလေးတေရှိနေသည်။တိမ်တိုက်သူလေးခြုံထားတဲ့စောင်ကိုဖယ်လိုက်ကာပေါ်လာတဲ့ဗိုက်သားဖြူဖြူလေးအားကြည့်ရင်းခေါင်းရှုပ်လာသည်။သူလေးဗိုက်ကသူ့အရည်တေကြောင့်အနည်းငယ်ပူနေရုံမှလွဲပီးပုံမှန်အတိုင်းသာ။ပီးတော့သူလေးကယောက်ျားလေးတစ်ယောက်။သူ့အတွေးတေကသိပ်ပီးယုတ္တိမရှိလှပါ။

"မဖြစ်နိုင်မှန်းသိလို့ ကိုယ်မမျှော်လင့်ထားခဲ့ပေမယ့်ကိုယ်နဲ့မင်းရဲ့ရင်သွေးလေးကိုတော့ကိုယ်လိုချင်မိပါတယ်"

ဒါကိုအိပ်ပျော်နေတဲ့ကလေးငယ်ကတော့မကြားနိုင်ခဲ့ပါ။

°•°•°•°•°

နှစ်လအကြာ....

"မငိုပါနဲ့ကလေးရယ် ကြေးအိုးသောက်မလားကိုယ်လုပ်ပေးမယ်လေ"

Save Him(Completed)Where stories live. Discover now