Real Life

7.8K 624 3
                                    

<Unicode>
15မိနစ်လောက်ကြာတော့ ပူပူနွေးနွေးကြက်သားပဲကြာဇံပြုတ်လေးတစ်ခွက်ရလာသည်။အသီးရွက်ကြိုက်တဲ့ကလေးငယ်ကြောင့် အရွက်များများလေးထည့်ထားပေးသည်။

[ရှင်လေးတို့စားဖူးလားတော့မသိဘူး ပဲဟင်းထဲထည့်ချက်တဲ့ပဲကြာဇံကိုစွပ်ပြုတ်လုပ်တာ အိမ်မှာဆိုဝါနေမကောင်းဖြစ်တိုင်းအမေလုပ်ကျွေးနေကြ]

"ရပါပီဗျ"

"ဝါးး မွှေးလိုက်တာ ကိုကိုလေးကဒါမျိုးလဲလုပ်တတ်တာပဲလား"

"ဒါပေါ့ ဖြည်းဖြည်းစားနော်ပူတယ်"

"ဟုတ်"

စွပ်ပြုတ်ပန်းကန်ထဲခေါင်းစိုက်မတတ်ငုံကာစားနေတဲ့သူလေးကဘယ်လောက်ဗိုက်ဆာနေလဲသိနိုင်သည်။တိမ်တိုက်ဝမ်းနည်းလာတဲ့စိတ်ကိုလျစ်လျူရှုလို့ သူလေးမနင်အောင်ကျောကိုအသာလေးပွတ်ပေးနေသည်။ဒါကိုတော့အစားကိုပဲစိတ်ရောက်နေတဲ့ကလေးငယ်ကသတိမထားမိပါ။

"ကောင်းလား ကလေး"

"အရမ်းကောင်းတယ် ဟီးဟီး"

ပြုံးပျော်ကာစွပ်ပြုတ်ကိုအားရပါးရစားနေတဲ့ကလေးငယ်ကြောင့်သူလဲပီတိဖြစ်ရပါသည်။

"ကိုယ့်လက်ရာကိုကြိုက်ရင် နောက်ဆိုတခြားဟာတေလဲလုပ်ကျွေးမယ်"

"တကယ်လား"

"တကယ်ပေါ့ ဒါပေမယ့်အလကားတော့မရဘူး"

"ဟင် လေပြည်က ကိုကိုလေးဆီကဝယ်စားရမှာလား လေပြည့်ဆီမှာပိုက်ဆံမှမရှိတာ"

"အာ ပိုက်ဆံနဲ့ဝယ်ခိုင်းတာမဟုတ်ဘူးလေ ကိုယ်ခိုင်းတာလုပ်ပေးရင်ရပီ"

"ဟုတ် ကိုကိုလေး ဟီး"

*ကိုကိုလေး ဒီနေ့မူးတာနည်းနည်းထူးဆန်းနေတယ် ဒါပေမယ့်လဲချစ်ဖို့တော့ကောင်းပါတယ်ဟီး*

လေပြည်ကတိမ်တိုက်ကိုမူးပီးအခုလိုကြင်နာနာဆက်ဆံသည်ဟုထင်နေတာပင်။လေပြည်ထင်တာလဲမမှားပေ ဘာကြောင့်လဲဆိုတော့တိမ်တိုက်ကတစ်ခါတစ်လေသောက်စားပီးမူးလာတိုင်းလေပြည်ကိုအခုလိုကြင်နာတတ်သည်။အရက်မူးရင်ကျွဲခိုးပေါ်တယ်ဆိုသလိုပဲ မူးလာတိုင်းလေပြည်အားကြင်နာစွာဆက်ဆံပီးပါးစပ်ဖျားကနေလဲချစ်တယ်ဆိုတဲ့စကားကိုမချတမ်းပြောတတ်တာမို့ သူ့အတွက်မဆန်းတော့ပါ။အမူးပြေရင်တော့ အရင်လိုပြန်ဖြစ်သွားကာသူ့အားကြည့်မရတော့ပေ။ကာယကံရှင်ဖြစ်တဲ့တိမ်တိုက်ကတော့ဒါတေကိုမသိပါ။

Save Him(Completed)Where stories live. Discover now