System Space

14.3K 984 17
                                    

<Unicode>
တီ တီ

(system space ကနေကြိုဆိုပါတယ်ဗျ)

(အား ကျွတ် ကျွတ် ငါသေသွားပီလား)

(သေသွားလို့ဒီရောက်လာတာပေါ့)

တိမ်တိုက်သူ့ရှေ့ကခရမ်းရောင်မျက်လုံးလေးတေနဲ့ ကလေးလေးအားကြည့်ပီးအံ့သြသွားတော့တယ်။

(ကောင်လေး မင်းမိဘတေရော)

(ကျနော်ကမိဘတေမရှိဘူးလေ system ကဖန်တီးထားတာပါ)

(ဘာကြီးလဲsystemက နတ်ပြည်လိုနေရာမျိုးလား)

(စဉ်းစားလေဆုတောင်း ဖွန်ကြောင်လွန်းပီးသေသွားတာကိုနတ်ပြည်ကတက်ချင်သေးတယ်)

ထိုကလေးရဲ့စကားကြားတော့မှလေပြည်ကိုသူသတိရသွားပီးဝမ်းနည်းစိတ်များလှိုက်တက်လာသည်။

(ဟေ့လူ!မငိုနဲ့လေ)

(ငါအမှား!ငါအသုံးမကျလို့!လေပြည့်ကိုယုံကြည်ပေးခဲ့သင့်တာကို)

လေပြည်ဦးဆိုတဲ့ကောင်လေးကသူ့အိမ်ကdriverရဲ့သားလေးဖြစ်သည်။လေပြည့်အဖေဆုံးသွားတော့ ဆွေမျိုးမရှိတဲ့လေပြည့်ကိုသူ့မာမီကမွေးစားထားခဲ့တာ။လေပြည်က သူ့ထက်သုံးနှစ်သာငယ်ပီးသူနဲ့အနီးကပ်နေပီးသူခိုင်းသမျှလုပ်ပေးရတဲ့သူလေးပင်။မနက်မိုးလင်းလို့မျက်နှာသစ်တာကအစ ညမိုးချုပ်လို့အိပ်ရာပေါ်ရောက်တဲ့အထိလေပြည်ကပဲအစကအဆုံး သူ့လက်သူ့ခြေနဲ့ပဲ တိမ်တိုက်ရဲ့ဝေယျာဝစ္စကိုလုပ်ပေးတယ်။တိမ်တိုက်ကလဲသူလုပ်ပေးတာကိုပဲသဘောကျတာကြောင့်ပင်။

အချိန်တေကြာလာတော့ လေပြည့်အပေါ်သူစိတ်လေတမျိုးတမည်ပြောင်းလဲလာသည်။ဒါကိုသူလက်မခံနိုင် တနည်းပြောရရင်ရှက်သည်ပေါ့။ဒါကြောင့်ဒေစီကိုနဲ့တွဲလိုက်သည်။တွဲဖြစ်သွားတာကလဲ ဒေစီ့ဘက်ကရေလာမြောင်းပေးလုပ်နေတာကြောင့် သူကတွဲဖို့ကမ်းလှမ်းလိုက်တာ။ဒေစီကလဲချက်ချင်းလက်ခံတယ်။အရာရာနားလည်ပေးပီးသိတတ်လွန်းတဲ့ဒေစီ့ကို သူတကယ်ချစ်မိသွားတာပင်။ထို့ကြောင့်ဒေစီ့အပေါ်ဘာလျှို့ဝှက်ချက်မှမထားခဲ့။နောက်ဆုံးမာမီမဆုံးခင်ပေးခဲ့တဲ့ စိန်ပွင့်ကအစပြောပြခဲ့တာ။အဲ့စိန်ပွင့်လေးကဒယ်ဒီ မာမီ့အားပထမဆုံးချစ်သက်လက်ဆောင်ပေးခဲ့တဲ့ပစ္စည်းလေးဖြစ်တာကြောင့် မာမီကအမြတ်တနိုးသိမ်းထားခဲ့တာ။ဒယ်ဒီမရှိတော့တဲ့နောက်ပိုင်းမှာမာမီကနောက်အိမ်ထောင်မပြုပဲဒယ်ဒီ့အပေါ်သစ္စာရှိရှိနဲ့ တိမ်တိုက်နဲ့လေပြည်ကိုသူတစ်ယောက်ထဲထိန်းကျောင်းခဲ့တာ။ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့မာမီကသူ့ရဲ့နောက်ဆုံးအချိန်လေးမှာ ထိုပစ္စည်းလေးကိုသူ့အားပြန်ပေးပီး သူအရွယ်ရောက်လို့လက်ထပ်တဲ့အခါသူချစ်ရတဲ့ဇနီးလောင်းလေးကိုတဆင့်ပေးဖို့မှာခဲ့သည်။ထိုစိန်ပွင့်ကအရှားပါးဆုံးဖြစ်တော့ အင်း တန်ဖိုးကမက်လောက်စရာပဲလေ။

Save Him(Completed)Where stories live. Discover now