System Space

8.6K 699 6
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -40

တတ်မြောက်မှုပညာ -အုပ်ချုပ်မှုစွမ်းရည်၊အိမ်မှုထိန်းသိမ်းရေး

(နောက်ကမ္ဘာအတွက်သင်ရမှာက အနုပညာပါ ရှေ့တံခါးကနေဝင်သွားပေးပါ)

5နှစ်ခန့်ကြာသော်.....

(ကြိုဆိုပါတယ် နောက်ကမ္ဘာသွားတော့မလားhost)

(သွားကြမယ်)

(ဟုတ်)

စတင်ပို့ဆောင်နေပါပီ 3.2.1

"ပင်ပန်းသွားပီ စီနီယာ"

ရေသန့်ဘူးကမ်းပေးလာတဲ့ကောင်လေးက နူးညံ့စွာပြုံးပြလာတော့ သူလဲအလိုက်သင့်လေးပြန်ပြုံးပြပီးရေဘူးကိုယူလိုက်တယ်။

"ညီလေး ပစ္စည်းတေသိမ်းပီးပီပြန်ကြမလား ကားအဆင်သင့် အ့!"

ရေဘူးနဲ့သရေစာမုန့်များကိုမနိုင်မနင်းသယ်ကာသူတို့နားပြေးလာတဲ့ကောင်လေးက အနားရောက်ခါနီးချော်လဲသွားတာမို့ဝင်ထိန်းပေးလိုက်တော့သည်။

"အဆင်ပြေရဲ့လား"

မျက်လုံးဝိုင်းလေးတေနဲ့မော့ကြည့်လာတဲ့ကောင်လေးက ခုနကသူ့ကိုရေသန့်ဘူးပေးတဲ့တစ်ယောက်နဲ့ရုပ်ချင်းဆင်လွန်းနေသည်။

"အကို!မင်းကလေ လုပ်လိုက်ရင်နမော်နမဲ့နဲ့ အသုံးကိုမကျဘူး!"

အဟောက်ခံလိုက်ရတဲ့သူ့ရင်ခွင်ထဲကကောင်လေးကမျက်နှာလေးငယ်သွားတော့တယ်။

"စီနီယာရယ် သူ့အစားကျနော်ကပဲတောင်းပန်ပါတယ် သူကအဲ့လိုပဲ ဘယ်နေရမှအသုံးမကျဘူး"

သူသိလိုက်ပါပီ ဒီကောင်လေးနှစ်ယောက်ကအမွှာတေပင်ဖြစ်သည်။ရုပ်ချင်းကတူပေမယ့် အကျင့်စရိုက်ကကွဲပြားလှသည်။လုံးဝကြီးကိုကွဲပြားနေတာက မျက်ဝန်းလေးတေပင်။သူ့ရှေ့ကကောင်လေးရဲ့ မျက်ဝန်းကခက်ထန်တယ်၊ကြည့်လိုက်တာနဲ့ရိုင်းဆိုင်းမှန်းသိသာတယ်။သူ့ရင်ခွင်ထဲကကောင်လေးကတော့ မျက်ဝန်းလေးတေကဖြူစင်လွန်းတယ်။

"အကို မင်းပြန်နှင့် ငါစီနီယာနဲ့နေ့လည်စာသွားစားမလို့!"

"အင်း အင်းပါ"

Save Him(Completed)Where stories live. Discover now