Real Life

6.9K 494 0
                                    

<Unicode>
တလလောက်ကြာတော့တိမ်တိုက်အတော်လေးနလန်ထူနိုင်နေပီ။ဒီတစ်လလုံးကလေးငယ်ကသူ့ကိုအရိပ်တကြည့်ကြည့်နဲ့ပြုစုပေးသည်။နှစ်ယောက်သားနားလည်မှုလွဲသွားကြတဲ့ကိစ္စကိုသေချာလေးဆွေးနွေးပီးကြပီ။အဲ့နေ့ကဆိုသူ့ကလေးငယ်ကငိုနေရင်းနဲ့တက်သွားလို့သူ့မှာပတ်တီးကြီးနဲ့သူလေးကိုပွေ့လို့ဆေးရုံပြေးရပြန်သည်။

ဒီရက်ပိုင်းနှစ်ယောက်လုံးအတော်သင့်ခံစားခဲ့ကြရပီးပီ။အခုဆိုသူပုံမှန်အတိုင်းပြန်လှုပ်ရှားနိုင်နေပီ။ဟိုမိန်းမပျက်နဲ့သူ့နောက်လိုက်ခွေးပြန်ခံစားရမယ့်အလှည့်ရောက်ပီ။

"ကောင်းပီ တာဝန်ကျေတယ် အခုသိန်း၂၀လွှဲထားတယ် ငါလာရင်ကျန်တဲ့ပိုက်ဆံပေးမယ် ကောင်းကောင်းစောက်ရှောက်ထားလိုက်ပါအုံး"

"....."

"ကောင်းပီ"

*ဟက် အလှည့်ကျရင်မနွဲ့စတမ်းပေါ့ကွာ*

•°•°•°•°•

မှောင်မဲနေတဲ့အခန်းကျင်းတစ်ခုထဲတွင်လက်ပြန်ကြိုးတုပ်ခံထားတဲ့လူနှစ်ယောက်ရှိနေသည်။

"နှိုးလိုက်!"

ပြတ်သားတဲ့အမိန့်ပေးသံအဆုံးဘေးကလူလက်ထဲကရေခဲဗုံးနဲ့ထိုလူနှစ်ယောက်အားပက်လိုက်သည်။

ဗွမ်း!

"အဟွတ် အဟွတ်!"

"နိုးပီဆိုရင် ငါ့ရဲ့ငရဲခန်းကနေကြိုဆိုပါတယ် ဒေစီကို ဟိန်းဇော်"

အမှောင်ထဲမှာမို့လူကိုသဲသဲကွဲကွဲမမြင်ရပဲအသံသာကြားနေရတာကြောင့်သူတို့နှစ်ယောက်မှာကြောက်လန့်ကာ...

"ရှင် ရှင်ဘယ်သူလဲ ကျမတို့ကိုဘာလို့ဖမ်းထားတာလဲ!"

"အာ ဟုတ်သားပဲ မီးထွန်းလိုက်!"

တစ်ခန်းလုံးလင်းထိန်သွားပီးသူတို့ရှေ့မှာဟန်ပါပါထိုင်နေတဲ့လူကိုမြင်းပီးအံ့သြသွားတော့သည်။

"ကို?"

ဘုန်းး

သူမရင်ဝတည့်တည့်သို့်အကန်ခံလိုက်ရတာကြောင့်နောက်ပြန်လန်ကြသွားပီးသွေးများအန်ထွက်လာတော့သည်။

Save Him(Completed)Where stories live. Discover now