ဖီးလစ်(Arc -5.3)

7K 622 4
                                    

<Unicode>
"နတ်ဆိုး?ကျနော့်ကိုပြောတာလား"

"ဟုတ်တယ်လေ မင်းကလူသားစားတဲ့မကောင်းဆိုးဝါး.."

နေသန်ဆက်ပြောမယ့်စကားတေကမျက်ရည်လေးတေဝဲလာတဲ့မာရင်းကြောင့်ပြန်မြိုချလိုက်ရသည်။မချလို့လဲမရ ဖီးလစ်ကအသေးလေးနောက်ကနေသူ့ကိုထသတ်တော့မလိုကြည့်နေတာလေ။

"ကျနော်ကမကောင်းဆိုးဝါးမဟုတ်ပါဘူး"

"အင်း ကလေးကမကောင်းဆိုးဝါးမဟုတ်ဘူး မငိုနဲ့တော့"

"စစ် စစ်သူကြီး ဘာတေလဲကျနော်မသိတော့ဘူး ဒီအသေးလေးကတကယ်ပဲ လူသားစားတာလား သူ့ကိုကြည့်ရတာ ပုရွက်စိတ်တောင်သတ်ဖူးရဲ့လား"

"ကလေးကမကောင်းဆိုးဝါးမဟုတ်ဘူး တကယ့်မကောင်းဆိုးဝါးကတောစပ်မှာတွေ့လာတဲ့မိန်းမပဲ"

"အမှန်တိုင်းပြောရရင်ကျနော်လဲအဲ့မိန်းမကိုတွေ့တုန်းကမသင်္ကာဖြစ်နေတာ အခုဒီအသေးလေးကိုတွေ့တော့ပိုသေချာသွားပီ တစ်ခုခုကတော့လွဲနေပီစစ်သူကြီး"

"အင်း ဒါပေမယ့်မကြာပါဘူးကွာ"

"အသေးလေးမင်းဘယ်မှာနေတာလဲ"

နေသန်ကမေးတော့သူလေးကရေကန်တစ်ဖက်ကမ်းကဂူကိုလက်ညိုးထိုးပြကာ..

"အဲ့မှာ ကျနော်အိမ်လိုက်လည်မလား"

"အင်း သွားကြမယ် ဘာစားစရာရှိလဲ"

"ငှက်ပျောသီး သရက်သီး ပန်းသီး အင်းး ပီးတော့မှို..."

တောစပ်မှာဟိုမိန်းမခေါ်တုန်းကခါးခါးသီးသီးဖြစ်နေတဲ့နေသန်ကအခုတော့သူကအကောင်ပေါက်လေးနဲ့စကားတပြောပြောနဲ့ရှေ့ကဦးဆောင်သွားပီ။ဖီးလစ်သူတို့နှစ်ယောက်ကိုအနည်းငယ်တော့ဘဝင်မကျပေမယ့် ညီအကိုလိုဖြူစင်တဲ့သံယောဇဉ်ဆိုတာသိနေပီးသားမို့ ဘာမှတော့မပြောတော့ပါ။

>>>>>>>

"ဝိုးး နေရာလေးကမိုက်သားပဲ"

"ဟိဟိ အဲ့တာဖေဖေရှာတွေ့ထားတာလေ"

"ဟုတ်လား မင်းအဖေကအခုဘယ်မှာလဲ"

"ကောင်းကင်ပေါ်မှာမေမေနဲ့အတူရှိနေတယ်"

"ဟမ်?"

Save Him(Completed)Where stories live. Discover now