ဖီးလစ်(Arc -5.1)

7K 622 4
                                    

<Unicode>
ဖီးလစ်အော်လိုက်တော့ထိုလူကဘာမှပြန်မပြောတော့ပေမယ့်မကျေမနပ်ဖြစ်နေတာကတော့ သူ့မျက်နှာမှာအထင်းသားပေါ်နေတယ်။

"စစ်သူကြီး သူ့အစားကျွန်တော်ကပဲတောင်းပန်ပါတယ် သွေးသောက်ညီကိုတစ်ဦးဆုံးရှုံးလိုက်ရတော့သူလဲစိတ်ထိခိုက်သွားလို့ပါ ပီးတော့ဂျိန်းနဲ့သူကသူငယ်ချင်းလဲဖြစ်နေတော့..."

"ဆက်သွားကြမယ်!!"

ဖီးလစ်အမိန့်ပေးလိုက်တော့အားလုံးကပစ္စည်းတေသိမ်းကာခရီးဆက်ကြပြန်တယ်။ဒီလိုနဲ့တောစပ်ကိုရောက်လာတော့အားလုံးရပ်သွားကြတယ်။အကြောင်းမှာထိုတောအုပ်ထဲကအလွန်လှပတဲ့မိန်းကလေးတစ်ဦးကထွက်လာတာကြောင့်ပင်။

ထိုမိန်းကလေးကသူတို့ကိုမြင်တော့ရှက်ပြုံးလေးပြုံးရင်း...

"ဒီကသံချပ်ဝတ်စုံနဲ့အကိုကြီးတို့က ဘာကိစ္စရှိလို့လဲဟင်"

ပျားရည်လိုချိုလွန်းတဲ့အသံကြောင့်ယောက်ျားသားတို့မှာနဂိုအကျင့်စရိုက်ဖြစ်တဲ့ တနှာရူးချင်တဲ့အကျင့်ကပေါ်လာပါလေရော။ထိုအထဲတွင်ဖီးလစ်နဲ့နေသန်တော့မပါ။

"အကိုကြီးတို့ကဒီတောအုပ်ထဲကမကောင်း...အဲ နတ်ဆိုးကိုနှိမ်နင်းဖို့လာတာပါ"

"အို အဲ့လိုလား အဝေးကြီးကနေလာရတာပင်ပန်းနေမှာပဲ ကျွန်မအိမ်မှာလိုက်နားပါလား"

"မလိုဘူး!!"

ပြောလိုက်သူကနေသန်ပင်...

"ငါတို့သွားစရာရှိတယ် နှောင့်နှေးလို့မဖြစ်ဘူး"

"အဟင်း ဟင်း သူရဲကောင်းကြီးတို့ကအားမနာကြပါနဲ့ ကျွန်မကတစ်ယောက်ထဲနေတာပါ လိုက်ခဲ့လို့ရပါတယ်"

"မင်းကဒီတောအုပ်ထဲမှာတစ်ယောက်ထဲနေတာဆိုတော့လူမှဟုတ်ရဲ့လား?"

"ရှင်!"

ဖီးလစ်အမေးကြောင့်သူမဟာမျက်နှာပျက်သွားတော့သည်။သို့ပေမယ့်ပြန်ထိန်းလိုက်ကာ...

"ကျွန်မကလူမဟုတ်လို့ဘာဖြစ်ရမှာလဲ အဟင်း"

"မသိပါဘူး ကဝေများလားလို့ပေါ့"

"ဘယ် ဘယ်ကသာ မဟုတ်ရပါဘူး ကျွန်မက ကဝေနဲ့တူနေလို့လား"

'ဟုတ်သားပဲစစ်သူကြီးရာ ဒီလောက်လှတဲ့မိန်းကလေးက ကဝေဖြစ်စရာလား ဖြစ်ချင်းဖြစ်သူယောင်မယ်လေးပဲနေမှာ'

Save Him(Completed)Where stories live. Discover now