မုဟန်(Arc -2.7)

9.1K 715 0
                                    

<Unicode>
'မင်းကြီး အမတ်ကြီးနဲ့မိဖုရားလင်ယိက နန်းရင်ပြင်ကညီလာခံမှာတွေ့ခွင့်တောင်းနေပါတယ်'

'ငါမအားဘူး'

စုန့်ရီအားထမင်းကျွေးနေတဲ့မုဟန်ကသူလေးမနင်အောင်ရေတိုက်ရင်းပြန်ဖြေလိုက်တယ်။

'ဟို သူတို့ကကိုယ်လုပ်တော်စုန့်အကြောင်းဖော်ထုတ်မလို့ပါတဲ့'

"အဟက် ဟုတ်ပီလေ ငါလာခဲ့မယ်"

'မှန်လှပါ'

*ပွဲကစပီကလေးရေ ရှင်းထုတ်ပစ်ဖို့အဆင်သင့်ပဲလားဟင် ကိုယ်ကအစထဲကရှင်းပစ်ချင်နေတာအကြောင်းရင်းမတိကျပဲသတ်လိုက်ရင်ကိုယ့်ကလေးလေးနာမည်ပျက်မှာစိုးလို့ အဟက် ခုတော့အချိန်ကြပီ*

"ဗိုက်ဝပီ"

"စားပါအုံး နည်းနည်းပဲကုန်သေးတယ်လေ"

"တော်ပီ ဟို ကိုကိုလေးအလုပ်ရှိတယ်လေ သွားလေနော်"

"ကိုယ်သွားမှာပါ ကလေးလဲလိုက်ခဲ့ရမှာ"

"ဗျာ စုန့်စုန့်ကဘာလို့လဲ"

"ရောက်ရင်သိမှာပေါ့ကွာ"

>>>>>>>

နန်းရင်ပြင်ကျယ်တွင်မှူးမတ်များနဲ့အစေခံများကဘုရင့်အလာကိုစောင့်နေကြသည်။လာမယ့်လာတော့လဲ ဘေးကစုန့်ရီကိုနေမထိအောင်သူ့ဝတ်ရုံကြီးနဲ့အုပ်ကာခေါ်လာလေတယ်။

ထို့နောက်စုန်ရီအားကတီပါသားခင်းထားတဲ့ခုံပေါ်တွင်ထိုင်စေကာ မုန့်ဗန်းကိုရှေ့တွင်ချပေးပီးစားစေသည်။

"ကဲ!နန်းရင်ပြင်အထိတောင်လာတယ်ဆိုတော့ အမတ်ကြီးတို့မှာကြီးမားတဲ့အကြောင်းရာတေရှိမယ်ထင်ပါရဲ့"

'မှန်လှပါမင်းကြီး ကျနော်မျိုးတို့ကကိုယ်လုပ်တော့စုန့်အကြောင်းကိုလာရောက်သတိပေးတာပါ"

"ပြောကြည့်လေ!"

'မင်းကြီးဘုရား တကယ်တော့ကိုယ်လုပ်တော်စုန့်ကအောက်လမ်းပညာကိုကျင့်သုံးနေတဲ့သူပါ'

ဘုတ်..

ဘေးကအကောင်ပေါက်လေးမှာမျက်လုံးအပြူးသားနဲ့လန့်သွားပီး လက်ထဲကမုန့်တောင်ပြုတ်ကျသွားတော့တယ်။ပီးတော့သူ့ကိုကြည့်ကာ ခေါင်းအတင်းခါပြလေသည်။မုဟန်အနူးညံ့ဆုံးပြုံးလိုက်ကာ သူလေးမကြောက်အောင်ခေါင်လေးအားအသာပုတ်ပေးပီး...

Save Him(Completed)Where stories live. Discover now