ဖီးလစ်(Arc -5.4)

7.4K 619 5
                                    

<Unicode>
[little warning 😗❗]

"အား ဟင့်"

ထိုအချိန်ဂူအပြင်ဘက်မှအသံတစ်ချို့ကိုကြားလိုက်ရတာကြောင့်အမြန်ထသွားကြည့်လိုက်တော့ လရောင်အောက်တွင်တစ်လဲ့လဲ့တောက်ပနေသောရေကန်ထဲကမာရင်း။

ရေကန်ထဲမှာနာကျင်နေဟန်ဖြင့်မျက်နှာလေးမဲ့ကာသူ့အသားတေကိုရေနဲ့ဆေးကြောနေတယ်။

"ကလေး!ဘာဖြစ်နေတာလဲ"

"ဟင်! "

သူ့ကိုအလန့်တကြားကြည့်လာတဲ့မာရင်းရဲ့မျက်နှာလေးပေါ်ကိုလရောင်ကဖြာကျလာတော့ အရည်လဲ့နေတဲ့မျက်ဝန်းလေးများကိုရှင်းလင်းစွာမြင်နေရသည်။ဒါ့အပြင်ပါးရိုးနဲ့လည်ပင်းစပ်နားလေးတေမှာအပြာရောင်ကြေးခွံလေးတေလဲထွက်လာတယ်။ထိုအချိန်နာကျင်လာတဲ့ကောင်လေးကပါးစပ်လေးဟပီးအသက်လုရှူလိုက်ချိန်ပါးစပ်ထဲတွင်ချွန်မြတဲ့အစွယ်တေပါထွက်နေသည်။

"စစ်သူကြီး ဘာဖြစ်..."

"ဟိုဘက်လှည့်!!"

အိပ်ချင်မူးတူးနဲ့ထလာတဲ့နေသန်ကမာရင်းရဲ့စွဲမက်စရာမြင်ကွင်းကိုအမှတ်မထင်မြင်လိုက်ရပေမယ့် စက္ကန့်ပိုင်းလောက်သာ။ဖီးလစ်ကအော်လိုက်တာမို့အလျင်မြန်နောက်လှည့်လိုက်ရသည်။ဖီးလစ်ကရေထဲဆင်းပီး မာရင်းရဲ့ကိုယ်လုံးလေးကိုသိမ်းကျုံးဖက်ထားချိန် မာရင်းကလဲသူ့အပြန်လည်ပွတ်သပ်လာတော့တယ်။

"အသေးလေးက ဘယ် ဘယ်လိုဖြစ်"

"မသိဘူး"

"အင်း ဟင့် ပူတယ် အား ဗိုက်ဆာတယ်!"

ထိုသို့ပြောပီး ဖီးလစ်ရဲ့လည်ပင်းကိုလျှာနဲ့လျက်နေသည်။

"မ မဟုတ်မှ သူက ကျနော်ထင်တဲ့အတိုင်းဖြစ်နေတာလားမသိဘူး"

"ဘာဖြစ်တာလဲ မြန်မြန်ပြော"

"ဒီလက နဂါးတေရဲ့မိတ်လိုက်ရာသီလေ သူကကဝေနဲ့နဂါးဆက်ထားတာမလား ပီးတော့ကျနော်လေ့လာရသလောက် ကဝေတေကအသက်၁၈ပြည့်ရင် အစာအတွက်သွေးကိုစတင်လိုအပ်လာပီ အခုသူကနှစ်မျိုးစပ်ဆိုတော့ တချိန်ထဲသဘာဝနှစ်ခုကိုတစ်ပြိုင်ထဲဖြစ်နေတာထင်တယ်"

Save Him(Completed)Where stories live. Discover now