Real Life

6.8K 519 10
                                    

<Unicode>
"ဆရာ့တစ်သက်လုံးဒီတစ်ခါပထမဆုံးအထူးဆန်းဆုံးလူနာကိုတွေ့ဖူးတာပဲ!"

တိမ်တိုက်ကော ဝေယံပါဆရာဝန်ရဲ့စကားကြောင့်စိတ်ပူသွားကြသည်။

"ကလေးကဘာဖြစ်တာလဲ"

"လူနာကကိုယ်ဝန်ရှိနေတာနှစ်လလောက်ရှိပီ"

"ဗျာ!!!"

တိမ်တိုက်မှာအံ့သြလွန်းလို့ဘာစကားမှမပြောနိုင်တော့။ဝေယံမှာလဲပါးစပ်အဟောင်းသားနဲ့။

"မှားမှာဆိုးလို့သုံးခေါက်လောက်ပြန်စစ်ကြည့်ထားတာ ကိုယ်ဝန်တကယ်ရှိနေတာ ဒါမျိုးကတစ်ရာမှာတစ်ယောက်ပဲရှိတယ် ဒီကလူနာလေးမှာမွေးရာပါသားအိမ်ပါလာတာ"

"bossကိုယ်ဝန်တဲ့ လေပြည့်မှာကိုယ်ဝန်ရှိနေပီဗျ!"

ကြောင်အနေတဲ့တိမ်တိုက်ကိုဆွဲလှုပ်ကာအော်ပြောရင်းထခုန်နေတဲ့ဝေယံကြောင့်ဆရာဝန်မှာဘယ်သူကလေးအဖေလဲဟုတောင်ဝေခွဲနေရသည်။

(မကြာခင်ရောက်လာမယ်နော် ဖေဖေ)

အိပ်မက်ထဲမိုင်လိုရဲ့စကားကိုပြန်ကြားယောင်လာပီးတိမ်တိုက်မျက်ရည်ကျမိသည်အထိပင်။မရနိုင်တော့ဘူးထင်နေတာ သူချစ်ရတဲ့သူကယောက်ျားလေးဖြစ်နေတာမို့မမျှော်လင့်ထားခဲ့တဲ့အရာကသူ့ဆီကိုရောက်လာသည်။

*ကလေး!ကိုယ့်ရဲ့ကလေးငယ် ကျေးဇူးပါကွာ ကျေးဇူးပါ*

"အင်းး"

မျက်လုံးလေးပွင့်လာတဲ့လေပြည်ကသူ့အားကြည့်ကာငိုနေတဲ့တိမ်တိုက်ကြောင့်စိုးရိမ်သွားပီး..

"ကိုကိုလေး ဘာ ဘာဖြစ်လို့လဲဟင်"

"ကလေး!ကလေးငယ်!"

"ကလေးရှိပါတယ် ကိုကိုလေး ဘာလို့ငိုနေတာလဲဟင် မငိုပါနဲ့"

"ပျော်လို့ပါကိုယ်ပျော်လွန်းလိုပါကလေးရယ်"

"ပျော်ရင်လဲမငိုပါနဲ့ကိုကိုလေးရယ် ကိုကိုလေးငိုရင်ကလေးဝမ်းနည်းလို့ပါ"

"ကလေးလေး"

"ဗျာ"

"ကိုယ်တို့မှာရင်သွေးလေးရှိနေပီတဲ့"

"ဟင်!!"

"ဟုတ်တယ် ကလေးရဲ့ဗိုက်ထဲမှာသေးသေးလေးရှိနေပီ"

Save Him(Completed)Where stories live. Discover now