ဘင်း(Arc -7.7)

6.6K 596 13
                                    

<Unicode>
ဘင်းသူ့ရှေ့မှာကွယ်ထားတဲ့ဒေါင်းကိုဆောင့်တွန်းဖယ်ကာဒင်ရန်အားဆွဲထိုးပစ်လိုက်သည်။

ခွပ်!!

"မင်း မင်းငါ့မိန်းမကိုထိုးတယ်!"

ခွမ်းး

ကုန်းထနေတဲ့ဦးလေးအားစားပွဲပေါ်မှပန်းအိုးနဲ့ရိုက်ချလိုက်တော့ချက်ချင်းသတိလစ်သွားတော့သည်။

"ကလေး!"

လဲကျနေသူလေးအားပွေ့ဖက်လို့နှစ်သိမ့်ပေးလေတော့ကယ်တင်ရှင်တွေ့သွားဟန်ဖြင့်အားကိုးတကြီးဖက်ငိုတော့တယ်။

"ကိုကိုလေး အီးဟီး ကိုကိုလေး"

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

"အီးး ကိုကိုလေး"

ဝမ်းနည်းတကြီးငိုကြွေးနေတဲ့သူလေးအားပွေ့ချီလို့ထိုအိမ်ထဲမှထွက်သွားမလို့ပြင်တော့ ဒေါင်းကရှေ့ကနေပိတ်ရပ်လိုက်တာကြောင့် ဘင်းသူမအားအကြည့်စူးစူးတချက်ပေးလိုက်တာကြောင့် လန့်ကာနောက်ဆုတ်သွားသည်။ထို့​နောက်ခပ်မြန်မြန်ထွက်လာလိုက်သည်။ဒီအိမ်ထဲမှာတစ်စက္ကန့်လေးတောင်မနေစေချင်တော့ပါ။

>>>>>>

ညဟာတိတ်ဆိတ်နေပီးလေအေးများလဲတိုက်ခတ်နေသည်။ဘင်းရင်ခွင်ထဲမှာအိပ်မောကျနေတဲ့သူလေးကိုထွေးပိုက်လို့ကမ်းစပ်မှာထိုင်နေသည်။

"ကိုကိုလေး"

"နိုးပီလားကလေး"

"ဟင့် ကိုကိုလေး"

"ရှူးး မငိုပါနဲ့ ကလေးရာ ကိုယ်ရင်နာလို့ပါ ကိုယ်ရှိနေပီနော် ကလေးကိုဘယ်သူမှထိခိုက်အောင်မလုပ်နိုင်တော့ဘူး"

"ချစ်တယ် ကိုကိုလေး"

ပြွတ်စ်

မြတ်နိုးရတဲ့ကလေးငယ်ရဲ့နှဖူးလေးအားအနမ်းခြွေလိုက်တော့တခစ်ခစ်ရယ်လာတယ်။

"ကလေးတို့ကမ်းစပ်ကိုရောက်နေတာလား"

"ဟုတ်တယ်"

"ကမ်းစပ်ကိုရောက်တော့ငယ်ငယ်ကအကြောင်းလေးကိုတောင်ပြန်သတိရသွားတယ်"

"ဘာများလဲကလေးရဲ့"

"ကလေးပြောရင်မရယ်ရဘူးနော်"

Save Him(Completed)Where stories live. Discover now