မုဟန်(Arc -2)

10.3K 831 14
                                    

<Unicode>
(mission ကဇာတ်လိုက်ကိုကာကွယ်ဖို့ပါ)

(အင်း)

*မုဟန်လို့ပဲသုံးပါတော့မယ်*

သမားတော်ကြီးကစစ်ဆေးပီးတော့ခေါင်းကိုအသာခါယမ်းကာ..

"ကိုယ်လုပ်တော့စုန့်ကအားနည်းနေပါတယ်မင်းကြီး ပီးတော့ကြည့်ရတာဘာမှမစားရသေးပုံပဲ အစာရေစာပျက်လက်ပီးအားနည်းနေတာမို့ မေ့မျောသွားတာပါ"

"အင်း သွားလို့ရပီ သမားတော်ကြီးကိုဆုလာဘ်တေပေးပီးပြန်ပို့လိုက်ကြ! ဒီသတင်းကိုလုံးဝမပေါက်ကြားစေနဲ့ ကိုယ့်အသက်ကိုနှမြောရင်ပေါ့!"

ယခင်ကထပ်ပိုကြီးဒေါသကြီးနေတဲ့ဘုရင်ကြောင့်အစေခံများမှာအမှားလုပ်မှာကိုပင်ကြောက်လန့်နေရသည်။

"လာကြစမ်း!ငါ့နန်းဆောင်မှာရှိတဲ့အနူးညံ့ဆုံးပိုးသားဝတ်ရုံယူလာခဲ့ ပီးတော့ရေနွေးပါတစ်ခါထဲယူလာ!"

အစေခံများကဘုရင်ခိုင်းတဲ့အတိုင်းတသွေမတိမ်းလိုက်နာကာတောင်းဆိုသည်များကိုယူလာပေးကြသည်။

"အားလုံးထွက်သွားတော့ ငါမခေါ်မချင်းမလာနဲ့!"

အစေခံတေယူလာပေးတဲ့ပိုးသားဝတ်ရုံလေးကိုထိုကောင်လေးအားဝတ်ဆင်ပေးကာ ရေနွေးလေးဖြင့်လက်နဲ့ခြေထောက်လေးများကိုသန့်စင်ပေးနေလိုက်သည်။

"အင်းး ဟင်းး"

နာကျင်နေဟန်အသံလေးဖြင့်မျက်လုံးလေးပွင့်လာတဲ့စုန့်ရီဟာ မုဟန်ကိုလဲတွေ့ရောလန့်သွားကာ ချက်ချင်းထထိုင်ပီး ကုတင်တိုင်နဲ့ထိသည်အထိနောက်ဆုတ်သွားပီးပါးစပ်မှလဲ..

"တောင်း တောင်းပန်ပါတယ် မင်းကြီး စုန့်စုန့်ကိုမရိုက်ပါနဲ့ စုန့်စုန့်တကယ်မခိုးခဲ့ပါဘူး ဟင့် မင်း မင်းကြီးရိုက်တာမခံချင်လို့ တမင်မေ့လဲခဲ့တာလဲမဟုတ်ပါဘူး စုန့်စုန့်ကိုတခြားအပြစ်ပေးပါ ရိုက်တော့မရိုက်ပါနဲ့ အင့် ထမင်းမစားနဲ့ဆိုလဲအစားပါဘူး မရိုက်ပါနဲ့တော့ အီးဟီး"

ကြောက်လန့်တကြားဖြစ်နေတဲ့စုန့်ရီပုံစံဟာ မုဟန်ရင်ကွဲမတတ်ပင်။နှုတ်ခမ်းလေးများကလဲတဆတ်ဆတ်တုန်ရီနေပီး ဖြူဖျော့လာသည်။မုဟန် စုန်ရီနားတိုးကပ်ကာ ခေါင်လေးကိုပွတ်ပီးချော့ဖို့လုပ်တော့...

Save Him(Completed)Where stories live. Discover now