System Space

7.4K 618 0
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -70

တတ်မြောက်မှုပညာ -အုပ်ချုပ်မှုစွမ်းရည်၊အိမ်မှုထိန်းသိမ်းရေး၊အနုပညာ၊ကိုယ်ခံပညာ

(နေက်ကမ္ဘာအတွက်သင်ရမှာက နည်းပညာပါ ရှေ့တံခါးကနေဝင်သွားပါ)

13နှစ်ခန့်ကြာသော်...

(ကြိုဆိုပါတယ် နောက်ကမ္ဘာသွားတော့မလား)

(အင်း)

စတင်ပို့ဆောင်နေပါပီ 3.2.1

"ရှီးချွမ်!မင်းကိုငါ သားငယ်ကိုအနိုင်မကျင့်ဖို့ပြောထားတယ်မဟုတ်ဘူးလား!အခု ဘာကိစ္စနဲ့သူ့ကိုနေပူထဲဒူးထောက်ထားခိုင်းတာလဲ!"

"...."

"ဘာလို့ပါးစပ်ပိတ်နေတာလဲ!မင်းကလေးကိုဘာတေခြောက်ထားတာလဲ ဟိုမှာ ငါသွားခေါ်တာတောင်မင်းဆူမှကြောက်လို့မထရဲဘူး မင်းကိုမင်းသိပ်မှန်နေတယ်ထင်နေလား!!! တောက်စ်!"

နှာခေါင်းထဲသို့ရုတ်တရက်ဝင်ရောက်လာတဲ့သစ်သားရနံကြောင့်သူနောက်သို့တစ်ချက်ဆုတ်လိုက်မိသည်။ထိုအချိန်မိန်းမတစ်ယောက်ကအခန်းထဲသို့အလျင်စလိုဝင်လာပီး...

"အကို!အကိုရေ သားငယ် သားငယ်လေး...!"

"စွေ့ဟုန်!သားငယ်ဘာဖြစ်လို့လဲ!"

"သားငယ်လေးကရုတ်တရုတ်လဲကျသွားပီးခေါ်လို့မရတော့ဘူး အီးး"

"ဘာ!"

နှစ်ယောက်သားအခန်းထဲမှအလျင်မြန်ပြေးသွားကြတော့သူလဲနောက်ကပြေးလိုက်ရင်း ခြံထဲအရောက်...

"သားငယ်!"

နေပူကြီးထဲကမြက်ခင်းပေါ်မှာခွေခွေလေးလဲနေတဲ့ကောင်လေးကတစ်ကိုယ်လုံးဖြူဖျော့ကာနေလောင်ကွက်အများပြားလဲရှိနေသည်။

"စွေ့ဟုန်!ဆရာဝန်ကိုဖုန်းဆက်!"

"ဟုတ်ကဲ့ အကို"

ထို့နောက်အဖြူကောင်လေးအားပွေ့ချီရန်လုပ်တော့ သူလဲရပ်ကြည့်မနေနိုင်တော့ပဲထိုကောင်လေးကိုပွေ့ချီလိုက်တော..

"မင်းဘာလုပ်မလို့လဲ!"

"ကျနော်ချီမယ်"

ငှက်မွှေးလေးလိုပေါ့ပါးနေတဲ့ကိုယ်လုံးလေးအားအိမ်ထဲအမြန်ခေါ်ကာသူ့အခန်းထဲကကုတင်ဆီသို့ချီသွားလိုက်သည်။ခနနေတော့ဆရာဝန်ရောက်လာပီးစမ်းသပ်ကာ...

Save Him(Completed)Where stories live. Discover now