ဘင်း(Arc -7.4)

6.2K 621 26
                                    

<Unicode>
ဘင်းမရည်ရွယ်ပါပဲသူလေးပါးပြင်ပေါ်ကမျက်ရည်စလေးတေကိုခပ်ဖွဖွသုတ်ပေးနေမိသည်။ထိုကောင်လေးကလဲမရုန်းပါပဲ ကြောင်တောင်တောင်လေးသာကြည့်နေသည်။

"ဆေးမထည့်ဘူးလား"

"ပီးမှပဲထည့်တော့မယ် အခုကငိုလို့မပီးသေးဘူး"

"တော်ပီ ထပ်မငိုနဲ့တော့"

သူလေးရဲ့မျက်ရည်တေကဘာကြောင့်မှန်းမသိသူ့ရင်ကိုလောင်မြိုက်စေသည်။ထိုကောင်လေးရဲ့မျက်ရည်တေကိုသူမကြိုက်ပါ။ထိုကောင်လေးကိုဒီလိုမျက်ရည်တေမကျအောင်လုပ်ပေးချင်သည်။သူလေးကိုကာကွယ်ပေးချင်မိသည်။ထိုခံစားချက်ကိုသူအဓိပ္ပါယ်ဖော်မရပါ။ဒါပေမယ့်သူလေးကိုပျော်စေချင်တာတော့အမှန်ပင်။သူလေးပျော်မယ်ဆိုရင်ရူးမိုက်စွာပင်သူ့အသက်ကိုတောင်ပေးရလဲဖြစ်တယ်လို့တောင်တွေးမိသည်။

"အနာသက်သာအောင်လုပ်ပေးရမလား"

"ဘယ်လိုလုပ်ပေးမှာလဲ"

"ပေး လက်"

ုံလက်ကလေးကိုရှေ့တိုးပေးလိုက်တော့ဘင်းထိုလက်လေးနှစ်ဖက်ကိုသူ့လက်ကြီးကြီးများဖြင့်ဆုပ်ကိုင်ကာအရှိုးရာလေးတေပေါ်အားလျှာဖြင့်လျက်ပေးလေသည်။

"ဘာလုပ်တာလဲဟင်?"

"ဒီလိုလုပ်တာအနာသက်သာတယ်လို့ မင်းပဲပြောခဲ့တာလေ"

"ကိုကိုလေးကမှတ်မိတယ်လား ဟိဟိ"

"တခြားနေရာတေရောဒဏ်ရာရှိသေးလား"

"ရှိတော့ရှိတယ် ခြေထောက်နဲ့ တင် တင်ပါးမှာ အဲ့တတေကမနာတော့ပါဘူး ကိုကိုလေး!ဘာလုပ်...!"

ဘင်းကရုတ်တရက်သူရဲ့ခြေထောက်ကိုဆွဲယူလိုက်တာကြောင့်အလန့်တကြားအော်လိုက်မိသည်။

"ဒါကကောဘာနဲရိုက်ထားတာလဲ"

"ကြိမ်လုံးနဲ့"

"ဘယ်သူရိုက်တာလဲ"

"တီလေး"

"ဘာလို့ရိုက်တာလဲ"

"တံမြက်စည်းလှည်းတာမပြောင်လို့... အင့် ကိုကိုလေး မလုပ်ပါနဲ့"

ဘောင်းဘီဆီလက်လှမ်းကာဆွဲချွတ်ပစ်တာကြောင့်တားလိုက်ပေမယ့်မမှီလိုက်ပါ။

Save Him(Completed)Where stories live. Discover now