Real Life

8.4K 654 14
                                    

<Unicode>
တိမ်တိုက်အရူးမီးဝိုင်းဖြင့်အောက်ထပ်သို့ပြေးဆင်းလာတော့သည်။သူလေးနာမည်ကိုအသံကုန်အော်ခေါ်ပစ်ချင်ပေမယ့်ဆို့တက်လာတဲ့ဝမ်းနည်းမှုကသူ့အားအသက်ရှူခက်အောင်လုပ်နေသည်။

ဂလွမ်!

ရုတ်တရက်မီးဖိုချောင်ဘက်မှကြားလိုက်ရတဲ့အသံကြောင့်အမြန်ပြေးသွားကြည့်မိတော့...

"ကလေး!!"

"ကို ကိုကိုလေး!"

သူလေးကကြွက်ပေါက်လေးတစ်ကောင်လိုညဘက်ကြီးမုန့်လာခိုးစားနေတာပင်။လက်ထဲကမုန့်ထုတ်တေရယ် ပြန့်ကျဲနေတဲ့သစ်သီးပန်းကန်ရယ်ကြောင့်တိမ်တိုက်တစ်ခုခုကိုပြန်သတိရသွားသည်။

ဒီပုံရိပ် သူသိပ်မှတ်မိတာပေါ့ အဲ့နေ့ကသူလေးကသူ့ခွင့်ပြုချက်မရှိပဲအပြင်ထွက်တာကြောင့်အပြစ်ပေးတဲ့အနေနဲ့ညစာမစားပဲအိပ်ခိုင်းခဲ့တာ အဲ့တာကြောင့်သူလေးကဗိုက်ဆာကာမနေနိုင်တော့ပဲမုန့်ခိုးစားရင်သူမိသွားခဲ့သည်။အဲ့အတွက်ထပ်ဆင့်လောင်းအပြစ်ပေးသည့်အနေနဲ့တညလုံးကြမ်းပြင်ပေါ်ဒူးထောက်ခိုင်းခဲ့သည်။

တိမ်တိုက်ပြန်တွေးရင်းရင်ထဲတင်းကြပ်ကာသူ့ပါးသူတစ်ချက်ရိုက်ပစ်လိုက်သည်။

"ကိုကိုလေး လေ ​လေပြည်ကလေ.."

"ကလေး"

"အီးဟီး ကိုကိုလေး လေပြည်မှားမှန်းသိပါပီ အပြစ်မပေးပါနဲ့ လေ လေပြည်ဗိုက်အရမ်းဆာလာလို့ မနေနိုင်တော့လို့ ခိုးစားမိတာပါ ကြောက်ပါပီ အီးးဟီး"

"ကလေးရာ"

ဒူးလေးထောက်ကာတသိမ့်သိမ့်ငိုနေတဲ့ကလေးငယ်ကြောင့်ရင်ကွဲရပြန်တယ်။

*တောက်စ်!တိမ်တိုက် မင်းကွာ!!*

"ကလေး ကိုယ့်ကိုကြည့်"

မျက်ရည်စလေးတေနဲ့မော့ကြည့်လာတဲ့ကလေးငယ်..

"ကိုယ်ကလေးကိုအခုချိန်ကစပီးထိခိုက်အောင်မလုပ်တော့ဘူး အရင်ကကိုယ့်ရဲ့အသုံးမကျတဲ့အမှားတေအတွက်တောင်းပန်ပါတယ်"

"ကိုကိုလေး!!"

"ကိုယ်ပြောတာနားထောင်ကလေး ကိုယ်ကလေးကိုချစ်တယ် အရင်ကသတ္တိမရှိပဲ သူရဲဘောကြောင်ပီး အဓိပ္ပါယ်မရှိတာတေပဲကိုယ်လုပ်ခဲ့မိတယ် အဲ့တာအတွက်ကိုယ်တောင်းပန်ပါတယ် ကိုယ်လိုလူမျိုးကကလေးနဲ့မထိုက်တန်မှန်းသိပေမယ့် အရှက်မရှိတောင်းဆိုပါရစေ ကိုယ့်နားကထွက်မသွားပါနဲ့ ကိုယ့်ကိုမထားခဲ့ပါနဲ့ကလေးရယ်"

Save Him(Completed)Where stories live. Discover now