ဘုန်းထက်(Arc -1.7)(end)

10.4K 840 3
                                    

<Unicode>
ဘုန်းထက်ဆေးယူပီးပြန်လာတော့ သွန်းကရှိမနေတာကြောင့်အိမ်သာသွားတယ်ထင်ပီးအိမ်သာသို့သွားရှာကြည့်တော့မတွေ့တာကြောင့်ထူပူသွားသည်။အခန်းတိုင်းကိုလိုက်ရှာနေတဲ့ဘုန်းထက်အား အတန်းခေါင်းဆောင်ကတွေ့တော့...

"ဘုန်းထက် မင်းကဒီမှာပဲ ငါကမင်းတကယ်ရန်ဖြစ်နေတယ်ထင်တာ"

"ရန်ဖြစ်တယ်?"

"အေးလေ ခင်ခင်ခကသွန်းလေးကိုလာပြောတာ မင်းကျောင်းနောက်ကစာသင်ခန်းပျက်မှာရန်ဖြစ်နေတယ်ဆိုလို့ သွန်းလေးတောင်လိုက်သွားတယ်"

"ဘာ!!"

"ဘာဖြစ်တာလဲ?"

"အတန်းခေါင်းဆောင် မင်းအခုချက်ချင်းကျောင်းအုပ်နဲ့ဆရာမတေခေါ်ပီးအဲ့ကိုလိုက်ခဲ့"

"ဟမ် ဘာဖြစ်လို့လဲ"

"ရှင်းပြဖို့အချိန်မရဘူး ငါလိုက်သွားတော့မယ် မင်းအမြန်ခေါ်ပီးလာခဲ့ သွန်းလေးအသက်အန္တရယ်ရှိနေတယ်"

"အေး အေး ငါအမြန်လိုက်ခဲ့မယ်"

အတန်းခေါင်းဆောင်ကရုံးခန်းကိုပြေးသွားပီးဘုန်းထက်ကသွန်းလေးရှိလာသို့အပြေးလာခဲ့သည်။

......

ဒုန်း...

"သွန်း!!"

သတိလစ်နေတဲ့သွန်းကိုအပေါ်မှလင်းခန့်ကသူ့အကောင်ကိုထုတ်ပီးမဖွယ်မရာလုပ်ရန်ကြိုးစားနေသည်။ဘုန်းထက်ဒေါသကငယ်ထိပ်သို့ဆောင့်တက်သွားပီးလင်းခန့်အားအရှိန်ဖြင့်ဆောင့်ကန်လိုက်တော့ အခန်းထောင့်ကိုလွင့်ထွက်သွားတော့သည်။ကျန်တဲ့နှစ်ယောက်ကိုလဲလက်ဦးမှုယူကာအလဲသိပ်လိုက်သည်။ထို့နောက်ပြန်မထနိုင်ဖြစ်နေတဲ့
လင်းခန့်အားအပေါ်မှအုပ်မိုးကာထိုးတော့သည်။

"ဆရာမ ဒီမှာပါ!"

ထိုအချိန် အတန်းခေါင်းဆောင်နဲ့ဆရာ၊ဆရာမတေရောက်လာကြသည်။

"ဘုန်းထက်!ဘုန်းထက် စိတ်ထိန်း လွှတ်လိုက်တော့သူသေသွားလိမ့်မယ်"

ဆရာများကဝင်ဆွဲပေမယ့်ဘုန်းထက်ကအသိစိတ်လွှတ်ကာသွေးတေနဲ့ဖူးယောင်နေပီဖစ်တဲ့လင်းခန့်မျက်နှာကိုသာအဆက်မပြတ်ထိုးကြိတ်နေသည်။

Save Him(Completed)Where stories live. Discover now