ကားဗတ်(Arc -3)

8.9K 758 4
                                    

<Unicode>
(တကယ့်ဇာတ်လမ်းက ဇာတ်လိုက်ကအပမှီတာလဲမဟုတ်ဘူး သောင်းလဲမသောင်းကြမ်းဘူး အားလုံးကဇာတ်လိုက်မစနက်တေကြီးပဲ တကယ်တော့ဇာတ်လိုက်ကားမတော်တဆမှုကဇာတ်လိုက်မကြောင့် ဇာတ်လိုက်မကဘားကနေမူးပီးကားမောင်းပီးအပြန် အရှိန်လွန်ပီးရှေ့ကဇာတ်လိုက်တို့ရဲ့ကားကိုဝင်တိုက်မိတာ ဇာတ်လိုက်ထိုင်နေတဲ့ကားအနောက်ခန်းကိုအရှိန်နဲ့တိုက်မိတာမို့လို့ ဇာတ်လိုက်ပဲသေပီးသူ့မိဘတေကသတိလစ်ရုံလောက်ပဲဖြစ်သွားတာ ဇာတ်လိုက်မကကားပေါ်ကဆင်းကြည့်တော့ ကွဲကြေနေတဲ့ကားမှန်ကနေတဆင့် သွေးတေနဲ့သေဆုံးနေတဲ့ဇာတ်လိုက်ကိုမြင်လိုက်ရလို့ အဲ့နေရာကနေထွက်ပြေးသွားခဲ့တာ)

(တောက်စ်!)

(စိတ်လျှော့ပါhost ပီးတော့ကျန်သေးတယ် သူဒီစံအိမ်ကိုလိုက်တာတော့အမှတ်မထင်သတင်းစာမှာပါတဲ့ ဇာတ်လိုက်မိသားစုရဲ့သတင်းကိုဖတ်မိတယ် အဲ့မှာပဲသူကြောင့်သေသွားရတဲ့ကလေးကဇာတ်လိုက်ဖြစ်နေမှန်းသိသွားတော့ သူ့ကိုယ်သူမလုံတော့ဘူး အဲ့တာနဲ့ပဲကားဗတ်ကိုပါအလုပ်ဆက်မလုပ်ဖို့ပြောပီးထွက်သွားကြဖို့ပြောတယ် ဒါပေမယ့်ကားဗတ်ကမထွက်ဘဲခေါင်းမာပီးတက်လုပ်နေတာမို့ ညတိုင်းပစ္စည်းတေချခွဲပီးဆူညံအောင်လုပ်တယ် အခန်းထဲမှာတိရိစ္ဆာန်သွေးတေနဲ့ ဇာတ်လိုက်ကရေးသလိုနဲ့ထွက်သွားဖို့စာတေရေးတယ် ဒါတောင်ခေါင်းမာနေတဲ့ကားဗတ်ကြောင့် သူအိပ်နေတုန်းသူ့လက်မောင်းကိုဓားနဲ့စိုက်ပီးအဲ့ဓားကိုအရုပ်လက်ထဲထည့်ကာထင်ယောင်ထင်မှားဖြစ်အောင်လုပ်တယ် နတ်ဆရာကလဲသူ့အကြံပဲ နောက်တော့အခြေနေတေကတိုက်ဆိုင်လွန်းတာကြောင့် ကားဗတ်ကဇာတ်လိုက်မကိုယုံကြည်သွားတာ)

(ဟူးး ဒီကလေးကအရမ်း အင့်)

*ကားဗတ်လို့ပဲသုံးပါတော့မယ်*

ကားဗတ် ထိုကလေးအတွက်စိတ်မကောင်းဖြစ်လွန်းလို့ ငိုချင်စိတ်ကိုမနည်းချိုးနှိမ်ထားရသည်။

(ဒါဆိုမွန်းကအဲ့အရုပ်ထဲမှာပေါ့)

(ဟုတ်ပါတယ်host)

ကားဗတ်လှဲနေရာမှမှေးကနဲအိပ်ပျော်သွားကာ ရုတ်တရက်ငိုသံသဲ့သဲ့လေးကြားမှနိုးလာသည်။

Save Him(Completed)Where stories live. Discover now