ဘင်း(Arc -7.6)

6.2K 589 16
                                    

<Unicode>
"ရှေ့နေကြီး ကြွပါရှင်ကြွပါ သားလေးရေ အိုက်လုံ လာပါအုံးကွယ် ဒီမှာရှေ့နေကြီးရောက်နေတယ် အဟင်း ဟင်း အဲ့လိုပဲသားလေးကအိပ်ရာထနောက်ကျတတ်တော့လေ"

လုံခါတိုင်းလိုပဲရှေ့နေကြီးကိုထွက်တွေ့ကာပျော်သလိုဟန်ဆောင်နေရပြန်သည်။မသိတဲ့သူတေကတော့ ဒီအဒေါ်ကသူ့တူလေးကိုသိပ်ချစ်ပါဘိဟုတောင်ပြောနိုင်သည်။

"သားလုံ"

"ဗျာ ရှေ့နေကြီး"

"သားကနောက်လဆိုအသက်၂၀ပြည့်ပီဆိုတော့ အမွှေလွှဲပြောင်းပေးဖို့ဦးလေးစီစဉ်လိုက်တော့မယ်"

"!!!!"

ဒင်ရန်တို့သုံးယောက်လုံးမျက်စိမျက်နှာပျက်သွားကြသည်။ဒီလောက်အရေးကြီးတဲ့ကိစ္စကိုသူတို့မေ့နေတာပင်။

"ဒါနဲ့သားလုံမှာချစ်သူတေဘာတေများရှိနေပီလား"

"ဟို ဟုတ် ရှိပါတယ်"

"ဟုတ်လား သားလုံတောင်အရွယ်ရောက်လာပီပဲ ဒါဆိုရင်တော့မဒင်ရန်တို့သားလုံကိုဆက်ပီးကြည့်စရာမလိုလောက်တော့ဘူးထင်တယ်"

"ရှင်!"

"သားလုံကအရွယ်လဲရောက်နေပီဆိုတော့သားလုံအတွက်နဲ့အချိန်ကုန်မခံလဲရပါတယ်  အဲ့တော့မဒင်ရန်တို့အိမ်ပြန်လို့ရပါပီ"

"အ ဟင်း ဟင်း ကျမတို့ကသားလုံကိုသံယောဇဉ်ဖြစ်နေကြပီ သားလုံနဲ့မခွဲချင်ဘူးရှေ့နေကြီးရယ် ကျမမျက်စိထဲမှာတော့သားလုံကခုထိကလေးလေးပဲရှိသေးတာ ဟင်း ဟင်း"

"အဲ့လိုတော့လဲဘယ်ဟုတ်မလဲမဒင်ရန်ရယ် သားလုံကချစ်သူတေဘာတေရှိနေပီဆိုတော့ လူငယ်သဘာဝလွတ်လွတ်လပ်လပ်နေသင့်တာပေါ့ အလုပ်ရှုပ်မခံပါနဲ့ဗျာ မဒင်ရန်တို့ပြန်ဖို့အတွက်ကျနော်အားလုံးစီစဉ်ပေးမယ်ဟုတ်ပီလား"

ဒင်ရန်တို့မှာမျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသလိုငြိမ်ကျသွားကာဘာမှခွန်းတုန့်ပြန်ခြင်းမရှိတော့ပေ။

"ကဲ သားလုံအဆင်ပြေတယ်ဆိုတော့ ဦးလေးပြန်အုံးမယ် နောက်လမွေးနေ့ရောက်ရင်ထပ်တွေ့ကြတာပေါ့"

"ဟုတ်ကဲ့ ရှေ့နေကြီး"

ရှေ့နေကြီးပြန်သွားသည်နှင့်ခုနကပြုံးနေတဲ့အပြုံးတေဟာချက်လျင်းပျောက်ကွယ်သွားပီး...

Save Him(Completed)Where stories live. Discover now