ကားဗတ်(Arc -3.4)

7.9K 675 7
                                    

<Unicode>
"morning ဒါလင်"

"အင်း"

မွန်းလေးအတွက်မနက်စာပြင်နေတဲ့ကားဗတ်ကနောက်ကအသံကြောင့် သူ့မျက်နှာပေါ်ကအပြုံးကပျောက်ကွယ်သွားပီးအေးစက်စက်ပဲပြန်ဖြေလိုက်တယ်။

"ဒီအရုပ်က ဒါလင့်ဟာလား"

ထိုင်ခုံပေါ်တွင်တင်ထားတဲ့အရုပ်ကိုကြည့်ကာမေးတာကြောင့်..

"အင်း ငါ့အပိုင်!"

"အရုပ်ကကြောက်စရာကြီး မျက်လုံးတေကအသက်ဝင်နေစလိုပဲ အီးး ကြက်သီးတောင်ထလာပီ ဒီအရုပ်ကြီးကိုဘာလို့များခုံပေါ်တင်ထားရတာလဲ အောက်ချလိုက်စမ်းပါ"

"ဒါငါထိန်းနေတဲ့ ကလေး!"

"ဟား ဟား ဒါလင်ကသိပ်နောက်တာပဲ"

"...."

"အတည်ပြောနေတာလား!ဒါလင့်ကိုငှါးတာအရုပ်ကိုထိန်းဖို့!"

"အဲ့တော့"

"အဲ့လူတေရူးများနေတာလား အရုပ်ကိုထိန်းဖို့ပိုက်ဆံပေးဖိုလူငှါးရတယ်လို့ ပီးတော့လဲကြည့်အုံး အရုပ်ကမကောင်းဆိုးဝါးဝင်နေသလိုပဲ ကျက်သရေကိုမရှိဘူး"

ဒုန်းး

"မင်းပါးစပ်ကိုပိတ်စမ်း!!!နောက်တခါ ဒီအရုပ်ကိုအဲ့လိုစကားမျိုးပြောရင်ငါလက်ပါဖို့ဝန်မလေးဘူး"

"ဒါလင်!ဆူဇီ့ကို ဒီအရုပ်ကြောင့်အော်တယ် ဒါလင်ရူးနေလား!"

"မင်းအခုငါ့မျက်စိရှေ့ကထွက်သွားလိုက်!သွား!!"

အော်သံကမီးဖိုချောင်တစ်ခုလုံးကိုဟိန်းထွက်သွားတာကြောင့်ဆူဇီလဲကြောက်ကြောက်လန့်လန့်နဲ့ သူ့အခန်းကိုပြန်ပြေးတော့သည်။

.........

"ကိုကိုလေး"

"ဗျာ"

"ခုနကအောက်မှာဘာဖြစ်တာလဲဟင် ကိုကိုလေးအော်သံကြားလိုက်ရတယ်"

"ဘာမှမဟုတ်ပါဘူး စိတ်ထဲမထားနဲ့နော် သေချာညက်အောင်ဝါး ရော့ နွားနို့လေးသောက်အုံး"

"တော်ပီ ဗိုက်ပြည့်ပီ"

"ဒီတစ်လုပ်ပဲ စားလိုက်နော် အာ..."

တစ်လုပ်ပဲဆိုပီးချော့မော့ကျွေးလိုက်တာအကုန်ပြောင်တဲ့အထိပင်။

Save Him(Completed)Where stories live. Discover now