ဘုန်းထက်(Arc -1.4)

10.3K 849 12
                                    

<Unicode>
"ကောင်လေး အဖျားပျောက်ဆေးကနည်းနည်းပြင်းတော့အရမ်းအိပ်ချင်လာလိမ့်မယ် အဆင်ပြေပါ့မလား"

"ဟုတ် ရပါတယ် ဒီနေ့ကကျောင်းဟောပြောပွဲရှိနေတော့ ဆရာတေသိပ်မဝင်ဖြစ်ဘူး"

"အေးကွယ် ရော့ အော် ဆေးမသောက်ခင်တစ်ခုခုစားအုံး မဟုတ်ရင်ဗိုက်အောင့်လိမ့်မယ်"

"ဟုတ် ကျေးဇူးပါဦးလေး"

ဆေးဆိုင်ကပြန်ထွက်ပီး အနားကဆိုင်တွင်သွန်းအတွက်ဂဏန်းဆန်ပြုတ်လေးဝယ်လိုက်သည်။အသင့်ချက်ပီးသားရှိပေမယ့် ပူပူနွေးနွေးလေးစားစေချင်တာကြောင့် အသစ်ထပ်လုပ်ခိုင်းလိုက်ပီး ထိုင်စောင့်နေလိုက်သည်။

"ဟယ် ကိုဘုန်းထက်မလား တိုက်ဆိုင်လိုက်တာ အဟင်းဟင်း"

"ငါနဲ့သိလို့လား"

"အဟင်း ကိုဘုန်းကလဲနောက်ပီ ဟိုနေ့ကမှနှုတ်ဆက်ထားတာလေ ခင်ခင်ခလေ မှတ်မိရဲ့သားနဲ့ ကိုဘုန်းကသိပ်နောက်တတ်တာပဲ"

"ငါမင်းကိုမသိဘူး"

ဆိုင်ထဲတွင်ကျောင်းသားတစ်ချို့လဲရှိနေပီးသူတို့နှစ်ယောက်ကိုစိတ်ဝင်တစားကြည့်နေကြသည်။

"အဟင်းဟင်း ကိုဘုန်းကရုပ်တည်ကြီးနဲ့နောက်တဲ့နေရာမှာသိပ်တော်တာပဲ နေ့လည်စာလာစားတာလား ခင်ဝယ်ကျွေးမယ်လေ သူငယ်ချင်းဖြစ်တဲ့အထိန်းအမှတ်နဲ့"

"ငါကမင်းသူငယ်ချင်းမဟုတ်ဘူး မင်းလိုမိန်းမနဲ့လဲသူငယ်ချင်းမလုပ်နိုင်ဘူး ငါနဲ့ဝေးဝေးနေ မင်းအကိုကိုလဲပြောလိုက် သတိထားနေလို့"

အံကြိတ်ကာပြောနေတဲ့ဘုန်းထက်ကို ခင်ခင်ခအမှန်ပင်ရှိန်သွားသည်။ထိုအချိန်စားပွဲထိုးကောင်လေးကဆန်ပြုတ်ဗူးကိုလာပေးတာကြောင့်ယူလိုက်ပီးကျသင့်ငွေရှင်းကာထွက်လာလိုက်သည်။ကျန်နေခဲ့တဲ့ခင်ခင်ခကတော့ ကြောင်တောင်တောင်လေးကျန်နေခဲ့သည်။

*လင်းခန့်နဲ့သိတာလား လင်းခန့်ရန်သူလား ကျစ် အဲ့ကောင်ကမလွယ်ဘူးပဲ ဒါပေမယ့်ကိစ္စမရှိပါဘူး ယောက်ျားတစ်ယောက်ကိုမြူစွယ်ဖို့က ခင်ခင်ခဆိုတဲ့မိန်းမအတွက်မခက်ခဲဘူး*

Save Him(Completed)Where stories live. Discover now