ဖီးလစ်(Arc -5)

7.8K 648 4
                                    

<Unicode>
သူ့နာမည်ကဖီးလစ်။သူကစစ်သူကြီးတစ်ယောက်ဖြစ်ပီး သူရဲကောင်းနှစ်ကျိတ်ရဲ့ခေါင်းဆောင်တစ်ဦး။သူကဘုရင့်အမိန့်အရဇာတ်လိုက်ကိုသုတ်သင်ဖို့လာခဲ့တာ။သို့ပေမယ့်လမ်းတစ်ဝက်မှာတင်ဇာတ်လိုက်မနဲ့တွေ့ပီးချစ်ကြိုက်သွားတယ်။

တကယ်တော့ဇာတ်လိုက်မကသူ့ကိုယ်သူလှပတဲ့သူယောင်မယ်အသွင်ဖန်ဆင်းကာဖီးလစ်ကိုမြူစွယ်ခဲ့တာပင်။သူတို့ဘယ်သူမှမသိတာက ကုန်သွယ်ဖို့သွားတဲ့လူတေကတောအုပ်ထဲကိုတောင်မရောက်လိုက်ပဲမို့ပျက်ထဲမှာတင်ဇာတ်လိုက်မလက်ချက်နဲ့သေကုန်တယ်ဆိုတာကိုပဲ။ဇာတ်လိုက်မကလာသမျှလူတိုင်းကိုလှပတဲ့ရုပ်ရည်နဲ့မြူစွယ်ကာဖမ်းစားတာဖြစ်တယ်။ကဝေတေဟာအသက်ရှင်ဖို့သွေးအနည်းငယ်သာလိုအပ်ပေမယ့် လောဘကြီးတဲ့ဇာတ်လိုက်မကတော့လူအကောင်လိုက်သတ်ဖြတ်စားလေတယ်။

သို့ပေမယ့်သူကဖီးလစ်ကိုတော့မစားခဲ့ပေ။ဘာလို့ဆို ရုပ်ရည်ချောမောပီးယောက်ျားပီသတဲ့ဖီးလစ်ကိုသူယောက်ျားတော်ချင်လို့ပေါ့။အဲ့မှာပဲထုံးစံအတိုင်းအလှပဂေးယောင်ဆောင်ပီးဖီးလစ်ကိုချဉ်းကပ်တယ်။ပီးတော့ဖီးလစ်နောက်လိုက်ပီး ဇာတ်လိုက်ကိုသုတ်သင်ဖို့ကူညီမယ်လို့ပြောခဲ့တယ်။ညတိုင်းကတော့ကျန်တဲ့သူရဲကောင်း၁၉ယောက်ကိုတစ်ယောက်ချင်းသတ်စားတာပေါ့။ပီးတော့မနက်ရောက်ရင်ဘာမှမသိသလိုနဲ့ဖြူစင်ချင်ယောင်ဆောင်တယ်။အားလုံးကတော့ဇာတ်လိုက်ကြောင့်လို့ထင်ပီးဇာတ်လိုက်ကိုသာသုတ်သင်ရန်လောနေကြတော့သူမကိုသတိမထားမိခဲ့။နောက်ဆုံးတော့ဖီးလစ်ကသူမအကူညီနဲ့ဇာတ်လိုက်ရဲ့အားနည်းချက်ကိုသိပီးသုတ်သင်နိုင်ခဲ့တယ်။ပီးတော့တိုင်းပြည်ကိုပြန်ပီးဇာတ်လိုက်မနဲ့လက်ထပ်ကာကလေးတေမွေးကြတယ်။

(ဒါပဲ အမလေး မောတာ ဟူး)

(ဆိုတော့ ငါတို့ကအခုလမ်းတစ်ဝက်ရောက်ပီပဲ)

(ဟုတ်ပါတယ် ဇာတ်လိုက်ကိုကယ်တင်ပါhost)

(ဟုတ်ပီ)

*ဖီးလစ်လို့ပဲသုံးပါတော့မယ်*

နောက်တစ်နေ့မနက်မိုးလင်းတော့ သူတို့ခရီးဆက်ရန်လုပ်ကြတယ်။အဲ့အချိန်မှာပဲ...

Save Him(Completed)Where stories live. Discover now