Real Life

6.6K 538 25
                                    

<Unicode>
"အလုပ်မှာဂရုစိုက်နော်ကိုကိုလေး"

"ကလေးလဲအိမ်မှာဂရုစိုက်နော် ကိုယ့်ကိုအများကြီးလွမ်းနေပေး"

"ဟုတ် ချစ်တယ်နော်ကိုကိုလေး"

"ကိုယ်လဲချစ်တယ်"

ပြွတ်စ်

နှဖူးလေးကိုအနမ်းပေးပီးကားပေါ်တက်သွားတော့သည်။မသိရင် ယောက်ျားကအလုပ်သွားမှာကိုမိန်းမကဂရုစိုက်ဖို့မှာနေသလိုပင်။တိမ်တိုက်သူ့အတွေးနဲ့သူကြည်နူးကာအလုပ်သို့မောင်းထွက်သွားတော့သည်။သူလေးရဲ့ကလေးအတွေးလေးတေကတကယ်အလုပ်ဖြစ်ပါသည်။အချိန်တေကြာလာတာနဲ့အမျှ သူလေးကဘယ်တော့မှသူ့ကိုထားခဲ့မှာမဟုတ်မှန်းယုံကြည်လာသည်။တကယ့်ကိုသူလေးကသူ့အတွက်အစွမ်းထက်တဲ့နတ်ဆေးလေးပင်။

တိမ်တိုက်ရဲ့ကားခြံပြင်ရောက်သွားမှလေပြည်ထဲအိမ်ထဲကန်ဝင်လိုက်သည်။ထိုအချိန်အိမ်ဖုန်းကမြည်လာတာကြောင့်သွားကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို လေပြည်ဦးလားမသိဘူး"

"ဟုတ်ပါတယ်ဗျ ဘယ်သူလဲမသိဘူး"

"အမကဒေစီကိုပါ ကိုတိမ်ရဲ့ချစ်သူ"

လေပြည်လက်ကလေးများဆက်ကနဲတုန်သွားတော့သည်။

"အမလေပြည်ကိုပြောစရာလေးရှိလို့ပါ အမနဲ့တစ်နေရာမှာတွေ့ကြရအောင်"

"ဟို အဲ့တာကလေ"

"အမအခုပြောမှာတိမ်တိုက်ရဲ့အကြောင်းပါ အရေးကြီးလို့လေပြည်ကိုပြောပြချင်လို့ပါ စိတ်မပူပါနဲ့အမမင်းနဲ့စကားပဲပြောမှာပါ မကြာစေရဘူး"

"ဟုတ် ဒါဆိုကျနော်ဘယ်ကိုလာရမလဲဗျ"

"xxxကို ဟို အမနဲ့တွေ့မယ့်အကြောင်းကိုတိမ်တိုက်ကိုမပြောနဲ့နော်"

"ဟုတ် ကျနော်မပြောပါဘူး"

"ဒါဆိုအမစောင့်နေမယ် ဒါပဲနော်"

>>>>>>>>>>

"အမက မဒေစီကိုလားဟင်"

"ဟုတ်တယ် လေပြည်နော် ထိုင်ပါအုံး ဘာသောက်မလဲ"

"ရပါတယ်ဗျ မသောက်တော့ဘာပြောစရာရှိတယ်ဆိုတာက"

"အင်း အမပြောရမှာလေပြည်ကိုအားနာပါတယ် ဒါပေမယ့်ပြောသင့်တယ်ထင်လို့ပါ"

Save Him(Completed)Where stories live. Discover now