မုဟန်(Arc -2.5)

9.4K 751 0
                                    

<Unicode>
မုဟန် အကျဉ်းထောင်ရှေ့ရောက်တော့အော်သံတစ်ချို့ကိုကြားလိုက်ရတာမို့ အေးစက်စက်ပြုံးလိုက်တယ်။

"အား!အား!"

မှောင်မဲတဲ့အကျဉ်းထောင်ထဲတွင်အလင်းရောင်မှိန်ပျပျသာရှိနေပီး အခန်းထဲတွင်ထိုင်ခုံမှာကြိုးတုပ်ခံထားရတဲ့လင်ယိအား ဘေးမှလူနှစ်ယောက်ကဝါးညပ်ဖြင့်အပြစ်ပေးနေတယ်။

"ရပ်တော့!"

မုဟန်ကအမိန့်ပေးလိုက်တော့ ထိုလူနှစ်ယောက်ကရပ်လိုက်ပီးမုဟန်အားအရိုသေပေးလေသည်။

"အရှင်!အရှင် လင်ယိကိုကယ်ပါအုံး! အဲ့ကောင်တေကိုခေါင်းဖြတ်သတ်ပစ်ပါ အရှင် လင်ယိကိုကြိုးဖြည်ပေးပါ"

"နာလား"

ဝါးညပ်ခံထားရတဲ့လက်ကိုကြည့်ကာမေးတော့...

"ဟင့် နာတယ် အရှင် လင်ယိကိုသူတို့ကနာအောင်လုပ်တယ် ဟင့်"

"အဲ့လိုနာကျင်မှုမျိုးကိုငါ့အချစ်ကိုမင်းပေးခဲ့တာလေ!!"

"အရှင် ဘာတေပြောနေတာလဲ လင်ယိမသိဘူး လင်ယိကိုကြိုးဖြည်ပေးပါနော်"

"ဟက် ကိုယ့်အလှည့်ကျတော့ကြောက်တယ်လား ငါလာတာမင်းကိုလွှတ်ပေးဖို့မဟုတ်ဘူး ယူလာခဲ့!"

"ဟင်!"

အမိန့်ပေးလိုက်သည်နှင့် အခန်းထဲဝင်လာတဲ့အစေခံကလက်ထဲမှာမီးရဲရဲတောက်နေတဲ့သံပြားတစ်လက်ပါလာသည်။

"အ အရှင် အဲ့တာကဘာလုပ်ဖို့လဲ!"

"အိုး.. သိပ်လဲလန့်မသွားပါနဲ့ ဒါလေးကိုမင်းရင်ဘတ်ပေါ်တင်ပေးရုံပါ"

"အရှင့်!ဘာလို့လဲ လင်ယိဘာလုပ်မိလို့လဲ!ဟင့်အင်း လင်ယိကိုဘာမှမလုပ်ပါနဲ့နော်"

"ဘာလုပ်လို့လဲ?မင်းဒီမနက်ဘာလုပ်ခဲ့လဲ ငါ့အသက်တမျှချစ်ရတဲ့သူကိုမင်းဘာလုပ်ခဲ့လဲ ဟမ်!"

"ဘယ် ဘယ်သူလဲ အရှင်ချစ်တဲ့သူကလင်ယိပဲလေ"

"ဟက် မတန်မရာတွေးရဲတဲ့ဦးနှောက်ကို သေရည်နဲ့ပဲမြည်းလိုက်ချင်တယ် ငါချစ်တာစုန့်စုန့်ပဲ!"

"စုန့်ရီ? အဲ့ကိုယ်လုပ်တော်သားကိုအရှင်မုန်းနေတာမဟုတ်ဘူးလား အရှင်ကသူ့ကြောင့်လင်ယိကိုခုလိုလုပ်တာလား အရှင် အဲ့အပျက်ကောင်ကအရှင့်ကိုအောက်လမ်းနဲ့ပြုစား..."

Save Him(Completed)Where stories live. Discover now