Real Life

6.5K 494 23
                                    

<Unicode>
ခွဲစိတ်ခန်းရှေ့တွင်တိမ်တိုက်ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နဲ့ဂနာမငြိမ်ပါ။မွေးမဲ့ရက်ကအဝေးကြီးလိုသေးတာမို့ဆေးရုံမှာမနေချင်တဲ့ကလေးငယ်ရဲ့ဆန္ဒကိုလိုက်လျောခဲ့မိတဲ့ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးပေ။သူသာကလေးငယ်ကိုသေချာနားဝင်အောင်ပြောပီး လက်ခံအောင်ကြိုးစားပြောခဲ့ရင်ခုလိုကလေးငယ်နာကျင်ခဲ့မှာမဟုတ်။

"boss စိတ်အေးအေးထားပါ လေပြည်အဆင်ပြေမှာပါ bossကလက်ညှိုးသုတ်လေးရွတ်နေပါ"

"ဘာသုတ်?"

"လက်ညှိုးသုတ်လေ အော် ဟိုဟာဗျာ လက်ညှိုးတစ်ထောင်ဖြတ်တဲ့သူရဲ့နာမည်နဲ့သုတ်လေ ကျနော်မေ့နေလို့"

"အင်္ဂုလိမာလသုတ်ကိုပြောတာလား"

"အာ ဟုတ်တယ် ဟုတ်တယ် bossပြောတဲ့ဟာ ကျနော်ကြားဖူးတာကလေးမွေးရင်အဲ့သုတ်ရွတ်ရတယ်တဲ့ အဲ့တာဆိုမွေးရဖွားရလွယ်ကူတယ်တဲ့"

ဝေယံစကားကြောင့်သူလဲအင်္ဂုလိမာလသုတ်ကို၁၀ခေါက်ထက်မနည်းရွတ်ရင်း...

*ကလေးငယ်ရယ် ဘာမှမဖြစ်လိုက်ပါနဲ့*

၂နာရီကြာပီးတဲ့နောက်မှာဆရာဝန်ကခွဲစိတ်ခန်းမှထွက်လာပီး..

"ဂုဏ်ယူပါတယ်ဗျာ သားလေးမွေးပါတယ် အဖေရောကလေးပါကျန်းမာပါတယ်"

ဆရာဝန်ထွက်သွားတော့မှတိမ်တိုက်ရောဝေယံပါအခန်းထဲဝင်သွားသည်။ကုတင်ပေါ်တွင်လေပြည်ခမျာမောပန်းနွယ်နယ်စွာမှိန်းနေရပီး လက်လေးတစ်ချောင်းတောင်မလှုပ်ရှားနိုင်တော့။တိမ်တိုက်သူလေးရဲ့လက်ကိုဆုပ်ကိုင်ကာ....

"ကျေးဇူးပါကလေးရယ် ကိုယ့်အတွက်ရင်သွေးလေးကိုမွေးပေးခဲ့လို့ ဘာမှမဖြစ်ပဲကျန်မာပေးခဲ့လို့လဲကျေးဇူးပါ"

"ကိုကိုလေး"

"ဗျာ"

"သားလေးရော"

"သားလေးကအိပ်နေတယ် ကလေးလဲအိပ်လိုက်နော် ပင်ပန်းထားတယ်မလား"

"သားလေးကိုကြည့်ပီးရင်အိပ်မယ်လေ ခနခေါ်ပေးပါလား"

"အင်းပါ"

နက်စ်မလေးဆီကကလေးလေးကိုလွဲပြောင်းချီရန်လုပ်ပေမယ့် ဘယ်လိုချီကမှန်းမသိတာကြောင့်ကလေးကနိုးလာကာအော်ငိုတော့သည်။

Save Him(Completed)Where stories live. Discover now