Real Life

6.9K 501 0
                                    

<Unicode>
မနက်ခင်းဟာသာယာနေပေမယ့်မသာယာနိုင်တာကတိမ်တိုက်ပါ။သူ့ရဲ့ခေါင်းတစ်ခုလုံးဆယ်ပေါင်တူနဲ့ထုနေသလိုမူးနောက်ကာတဆစ်ဆစ်ကိုက်ခဲနေသည်။ထို့နောက်မူမမှန်တဲ့ခန္တာကိုယ်အပူချိန်ကဖျားနေပီဆိုတာကိုအချက်ပြနေသည်။ရင်ခွင်ထဲက ကလေးငယ်ကတော့အသက်ရှူသံမှန်မှန်လေးနဲ့အိပ်ပျော်နေသည်။စိုးရိမ်စိတ်ကြောင့်နှဖူးလေးကိုစမ်းကြည့်မိတော့ ပုံမှန်အပူချိန်လေးကြောင့်သက်ပြင်းချနိုင်သွားသည်။

တိမ်တိုက်သူ့ခေါင်းဟာပေါက်ကွဲထွက်မတတ်နာကျင်လာတာကြောင့်အသာညည်းလိုက်မိတော့ရင်ခွင်ထဲကကလေးငယ်ကလှုပ်ရွကာနိုးလာသည်။

"ကိုကိုလေး ဒဏ်ရာကနာနေ.."

နှဖူးကဒဏ်ရာကိုစမ်းကြည့်လိုက်ပေမယ့်မီးခဲတမျှပူနေတဲ့ကိုယ်အပူချိန်ကြောင့်လန့်ကာထိုင်လိုက်တော့..

"အား!"

ကျောရိုးတစ်လျှောက်မီးစနဲ့ထိုးလိုက်သလိုနာကျင်လာတာကြောင့်မျက်ရည်တောင်ဝဲသွားတော့သည်။

"ကလေးရာ ဘာလို့အလျင်စလိုထရတာလဲ နာသွားလား ကိုယ်ပီးရင်ဆေးထပ်လိမ်းပေးမယ်နော် မနက်စာသွားလုပ်လိုက်အုံးမယ်ပီးရင်ဆေးသောက်ရအောင်လို့"

"ကိုကိုလေးအိပ်နေပါ ကလေးလုပ်ပေးမယ် ကိုကိုလေးဖျားနေပီ"

"ရတယ်ကိုယ်ကိုစိတ်မပူနဲ့ ကလေးကအရေးကြီးတယ် ထိုင်လို့ရရဲ့လား လှဲနေပါလားကလေးရယ်နော် ကိုယ်မနက်စာလုပ်ပီးယူလာပေးမယ်"

"ဒါပေမယ့်.."

"ကိုယ့်စကားနားထောင်နော် ကလေး"

"ဟုတ်ကိုကိုလေး"

တိမ်တိုက်ကုတင်ပေါ်ကဆင်းကာတံခါးဆီသို့သွားနေရင်းရုတ်တရက်လောကကြီးနဲ့အဆက်သွယ်ပြတ်သွားတော့သည်။

လေပြည်မှာပြန်လှဲအိပ်ရန်အလုပ်လဲကျသွားတဲ့တိမ်တိုက်ကြောင့်လန့်သွားကာကုတင်ပေါ်ကဆင်းလိုက်တော့အနောက်ဘက်မှနာကျင်မှုကြောင့်ခြေထောက်ကမခိုင်ပဲလဲကျသွားတော့သည်။

"အ့!နာလိုက်တာ"

နာကျင်နေတဲ့ဒဏ်ကိုကြိတ်မှိတ်ခံလို့တိမ်တိုက်နားလျှောက်သွားပီးလှုပ်ခတ်နှိုးနေပေမယ့်ထမလာပါ။

Save Him(Completed)Where stories live. Discover now