Real Life(Final)

8.8K 501 9
                                    

<Unicode>
ညအချိန်တွင်ကမ်းစပ်မှာမီးပုံပွဲလေးလုပ်လို့ လေးယောက်သားပျော်ပျော်ရွှင်ရွှင်အချိန်ဖြုန်းနေကြသည်။

"ကလေးရော့"

အခွံခွာထားတဲ့ပုဇွန်နဲ့ကဏန်းအသားများကိုလေပြည့်အားပေးလိုက်သည်။

"ကိုကိုလေးလဲစားလေ"

"ကလေးပဲစားပါဗျာ"

လေပြည်လက်ထဲကကုန်ခါနီးနေတဲ့အအေးအားထပ်ပြည့်ပေးရင်းပေကျံနေတဲ့ပါးစပ်လေးကိုလက်မလေးနဲ့ဖိသုတ်ပေးလိုက်သည်။

"လူကြီးလေး မသောက်နဲ့တော့လေ တော်ပီနော်"

လက်ထဲကဘီယာဘူးလေးကိုယူကာပြောတော့...

"ဘီယာလေးတစ်ဗူးလောက်နဲ့ငါမမူးပါဘူးကွ!"

"မမူးဘူးသာပြောတယ် ပါးတေရဲနေပီ"

"မင်းကအကြီးလား ငါကအကြီးလား ငါ့ဘာသာငါသောက်တာ မကျေနပ်ရင်မင်းပါလိုက်သောက်"

သူ့လက်ထဲကဘူးကိုပြန်လုကာရန်ပြုနေတဲ့လူကြီးလေးကခွေးပေါက်လေးရန်မူနေသလိုပင်။

"ဝှါးး"

"ကလေးအိပ်ချင်နေပီ ငါတို့ပြန်နှင့်တော့မယ်"

"ဟုတ်ဖေဖေ"

"အိပ်ချင်ဘူး ထိုင်ချင်သေးတယ်ကိုကိုလေး"

မျက်လုံးလေးစဉ်းပီးတဝှါးဝှါးသန်းနေတာတောင်မပြန်ချင်ဖြစ်နေတဲ့ကလေးငယ်ကြောင့်မျက်နှာချင်းဆိုင်ပွေ့ချီလိုက်ပီး...

"ဒါဆိုကိုယ်တို့ခနလောက်လေညင်းခံကြမယ်လေ ကလေးကမျက်လုံးလေးမှိတ်ပီးလိုက် ဟုတ်ပီလား"

"ဟုတ်"

ချော့လို့မရဘူးဆိုတာမရှိဘူး ဉာဏ်သုံးပီးမချော့တတ်တဲ့သူပဲရှိတာ။ကိုယ့်ချစ်သူလေးဘယ်လောက်ဂျီကျနေပါစေ ဉာဏ်ကိုလွှာသုံးပီးချော့တတ်ရင်ရပီ။တကယ်မချစ်တဲ့သူကတော့ ရစ်တယ်ဆိုပီးပြဿနာရှာမယ်။တကယ်ချစ်ရင်တော့နည်းလမ်းပေါင်းစုံရှာပီးချော့တယ်။ကြိုးစားချင်တဲ့သူအတွက်နည်းလမ်း၁၀၀ရှိသလို မကြိုးစာချင်တဲ့သူအတွက်အကြောင်းပြချက်၁၀၀ရှိတယ်တဲ့။

"မိုင်လို"

"ဗျာ"

"ဝေယံကိုမင်းဘာမှမလုပ်နဲ့ ကြားလား"

Save Him(Completed)Where stories live. Discover now