Real Life

6.8K 538 6
                                    

<Unicode>
တိမ်တိုက်သူ့နားနေခန်းမှာထိုင်ပီးဖုန်းထဲကသူမှတ်တမ်းတင်ထားတဲ့ချစ်ရသူလေးရဲ့ပုံတေကိုအလွမ်းပြေထိုင်ကြည့်နေသည်။

"boss"

"အင်း"

"ကျနော်ပြေစရာရှိလို့"

"ပြောလေ"

"အရင်ဆုံးဒါကိုနားထောင်ကြည့်ပါ"

ဝေယံသူအသံသွင်းထားခဲ့တဲ့ဒေစီကိုတို့ရဲ့အသံဖိုင်ကိုဖွင့်ပြလိုက်သည်။

"မင်း ဒါဘယ်ကရတာလဲ"

"မနေ့ညကကျနော်သွားသောက်တော့ကျနော့်ဘေးကအတွဲတစ်တွဲစကားပြောနေရင်းbossနာမည်ပါတာလို့အဲ့တာအသံသွင်းထားလိုက်တာ"

"တောက်စ်!မိန်းမပျက်မ!"

အရင်ကတည်းကသံသယစိတ်တေကအခုပိုပီးတိကျသွားသည်။သူ့ဖခင်ရဲ့သေဆုံးမှုကဘယ်လိုလုပ်ရိုးရှင်းနိုင်မှာလဲ မာမီမကြိုက်တဲ့အရက်ကိုအနံ့တောင်မခံတဲ့ဒယ်ဒီက အရက်မူးလို့ကားမှောက်တယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဒါ့အပြင်အပြင်းစားစိတ်ကြွဆေးတစ်မျိုးလဲအခတ်ခံထားရတယ်ဆိုတဲ့သတင်းကလဲထွက်လာသည်။အဲ့တုန်းကသူကငယ်သေးတော့အဲ့ကိစ္စကိုသိပ်မတွေးနိုင်ခဲ့။အခုဒေစီကိုတို့ပြောပုံအရဆို ဒယ်ဒီကိုဆေးခတ်ပီးအပိုင်ကြံဖို့လုပ်ခဲ့ပုံရသည်။ဒါပေမယ့်ဒယ်ဒီကထိုဆေးအရှိန်ကိုထိန်းချုပ်ရင်းကားမောင်းတာကြောင့်မတော်တဆဖြစ်သွားပုံရသည်။ဒယ်ဒီကမာမီ့အပေါ်ထားတဲ့သစ္စာကိုအသက်နဲ့လဲသွားသည်။

အခုဒယ်ဒီမရှိတော့ဘူးဆိုတော့သူ့ဆီရောက်ဘာတာပင်။ဘယ်လောက်တောင်ငွေမက်ပီး ယုတ်မာလိုက်တဲ့မိန်းမလဲ။

"တောက်စ်!ဟာကွာ!!!!"

သူ့ရဲ့ဒေါသတေကိုအခန်းထဲပစ္စည်းတေပေါ်သို့ပုံချရင်းငိုချင်စိတ်ကိုထိန်းချုပ်ထားသည်။

"bossအခုချိန်မှာ လေပြည်ကိုလိုအပ်နေမယ်ထင်တယ် ပြန်လိုက်ပါ ကျနော်ပဲဒီမှာတာဝန်ယူလိုက်ပါ့မယ်"

ဝေယံကိုတောင်စကားမပြန်န်ုင်တော့ပဲကားသော့ဆွဲကာအိမ်သို့လေလိုအလျင်နဲ့မောင်းလာတော့သည်။အိမ်သို့ပြန်ရောက်တော့အရင်လိုပြေးလာကြိုမဲ့ချစ်ရသူလေးကိုစောင့်နေပေမယ့် အရိပ်ယောင်တောင်မတွေ့ရတာကြောင့်စိုးရိမ်စိတ်နဲ့အပေါ်ထပ်သို့တက်ကာနှစ်ယောက်အိပ်ခန်းလေးထဲဝင်ရှာကြည့်မိသည်။ထိုအချိန်မြင်လိုက်ရတဲ့ပုံရိပ်လေးကြောင့်သူကြောင်အသွားသည်။

Save Him(Completed)Where stories live. Discover now