System Space

8.1K 601 0
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -55

တတ်မြောက်မှုပညာ -အုပ်ချုပ်မှုစွမ်းရည်၊အိမ်မှုထိန်းသိမ်းရေး၊အနုပညာ

(နောက်ကမ္ဘာအတွက်သင်ရမှာက ကိုယ်ခံပညာပါ ရှေ့တံခါးကနေဝင်သွားပါ)

9နှစ်ခန့်ကြာသော်...

(ကြိုဆိုပါတယ် နောက်ကမ္ဘာပို့ရတော့မလားhost)

(အင်း)

စတင်ပို့ဆောင်နေပါပီ 3.2.1

"စစ်သူကြီး ရှေ့မှာမြို့ပျက်ကြီးတစ်ခုတွေ့တယ်!"

သံချပ်တစ်စုံနဲ့လူတစ်ယောက်ကသူ့ရှေ့မှာဒူးထောက်ကာအရိုသေပေးရင်းပြောလာသည်။

"စစ်သူကြီး နေလဲဝင်တော့မှာဖြစ်လို့ ကျနော်တို့အဲ့မှာတစ်ညခုံလုံကြမလား"

"အင်း အားလုံးလဲပင်ပန်းနေပုံပဲ အဲ့အတိုင်းပဲလုပ်ကြတာပေါ့"

သူ့စကားအဆုံးအားလုံးကသူ့ကိုအရိုသေပေးကာမြို့ပျက်ထဲလျှောက်သွားကာခိုလုံစရာနေရာရှာဖွေကြတော့သည်။သူအပါဝင်သံချပ်ဝတ်စုံနဲ့လူအယောက်နှစ်ဆယ်ဖြစ်သည်။အားလုံးသက်လတ်ပိုင်းတေဖြစ်ပီး သူကတော့ခေါင်းဆောင်ဖြစ်ပုံရသည်။

သူတို့အားလုံးခိုလုံစရာနေရာရှာကြပီး မီးမွှေးကာပါလာသည့်ရိက္ခာခြောက်များကိုစားသောက်ကြသည်။

တဖြည်းဖြည်းအမှောင်ထုကကျရောက်လာပီးအအေးဓာတ်ကလဲသိပ်သည်းလာသည်။

"စစ်သူကြီးအနားယူလိုက်ပါ ကျနော်တို့တလှည့်စီကင်းစောင့်လိုက်ပါ့မယ်"

"နေပါစေ ငါစောင့်မယ်"

"မဟုတ်တာ စစ်သူကြီးတစ်နေကုန်ပင်ပန်းထားတာ မနက်ကျရင်လဲခရီးဆက်ရအုံးမယ် အားမနာပါတယ် ကျနော်ကညဆိုတော်တော်နဲ့အိပ်မပျော်တတ်တဲ့သူပါ အနားယူလိုက်ပါ"

"မင်းနာမည်က?"

"နေသန်ပါ"

"အော်"

သူလဲဘာမှဆက်ပြောမနေတော့ပဲ နောက်ကကျောက်တုံးကိုကျောမှီကာမျက်လုံးများပိတ်ချလိုက်တော့သည်။

Save Him(Completed)Where stories live. Discover now