လီမင်(Arc -4.5)

7.7K 662 20
                                    

<Unicode>
"စီနီယာ အဲလိုကောင်ကိုချစ်မယ့်အစား ကျနော့်ကိုရွေးလိုက်ပါလား ကျနော်ကစီနီယာအတွက်အားလုံးလုပ်ပေးနိုင်တယ်လေ ကျနော့်မှာအောင်မြင်မှုလဲရှိတယ် ရုပ်ရည်ရောပဲ ဘာမဟုတ်တဲ့အဲ့အောက်ခြေကကောင်အစား ကျနော့်ကိုရွေးလိုက်ရင်စီနီယာအတွက်ပိုသင့်တော်တယ်လေ"

"အဟက်!မင်းကအတော်ဂုဏ်မောက်တဲ့သူပဲ ငါပြောတာကိုသေချာနားထောင် မင်းကငါ့ကလေးနဲ့နှိုင်းယှဉ်ဖို့မပြောနဲ့ သူ့ခြေဖျားကဖုန်လောက်တောင်တန်ဖိုးမရှိဘူး မင်းကကလေးရဲ့တစ်ဦးထဲသောဆွေမျိုးဖြစ်နေလို့ မင်းသူ့အပေါ်လုပ်ခဲ့တာတေကိုငါလျော်ပေးလိုက်မယ် အေး!နောက်တစ်ခါဆိုတာဘယ်တော့မှရှိမလာစေနဲ့ မဟုတ်ရင်ငါ့အကြောင်းသိစေရမယ်!!"

ထို့နောက်အိမ်ထဲမှထွက်သွားတော့သည်။ဟန်ရှင်းကထွက်သွားတဲ့လီမင်ကိုကြည့်ကာ.....

"ဟက်!ငါကလွယ်လွယ်ရှုံးပေးမယ်ထင်နေတာလား Noပဲငါမပျော်ရရင် မင်းတို့လဲအေးဆေးနေရမယ်မထင်နဲ့!!!"

>>>>>>>>

လီမင်ကားရှိရာသို့ထွက်လာတော့ အောက်မှာငုတ်တုတ်လေးထိုင်နေတဲ့ဟန်ယောင်းကလက်သည်းလေးတေကိုက်ကာအတွေးလွန်နေသည်။

"ကလေး"

"ကိုကိုလေး!အဆင်ပြေရဲ့လားဟင် ဟန်ရှင်းကဘာပြောလိုက်လဲ သဘောတူရဲ့လားဟင် သူအရမ်းစိတ်ဆိုးနေလား ကိုကိုလေးနဲ့စကားများခဲ့လားဟင်"

"ဟေး ဟေး ကလေးလေး relax... ဖြည်းဖြည်းပြောပါကွာ မောနေပါအုံးမယ်"

"ယောင်းကြောက်လို့ပါ ယောင်းတို့ကိုသဘောမတူရင်.."

"သူသဘောတူပါတယ်ကွာ"

"ဟင်!ဟုတ်လို့လား?"

"ဒါပေါ့ ကိုယ်ပါကွ မင်းလေးရဲ့ချစ်သူလေ"

"တော်သေးတာပေါ့ ကိုကိုလေးနဲ့သူ့ကိုရန်ဖြစ်မှာစိုးရိမ်နေတာ"

"ဘာလို့လဲ ကိုယ့်ကိုထိမှာဆိုးလို့လား"

"မဟုတ်ပါဘူး ဟန်ရှင်းကငယ်သေးတယ်သူကမခုခံနိုင်မှာဆိုးလို့"

"လာမခေါ်နဲ့တော့ကိုယ့်ကို!"

"အာ ကိုကိုလေး"

Save Him(Completed)Where stories live. Discover now