Real Life

6.9K 567 1
                                    

<Unicode>
ဘားတစ်ခုတွဲမိန်းကလေးတစ်ယောက်သည်အရက်ခွက်ကိုဟန်ပါပါကိုင်လဲကောင်တာအားသူ့လက်သည်းနဲ့တတောက်တောက်ခေါက်နေသည်။

"တောက်စ်!"

"သဲ ဘာတေပေါက်ကွဲ?"

"ဘာဖြစ်ရမှာလဲ ဟိုကောင်ပေါ့ သဲကိုလမ်းခွဲလိုက်ပီ"

"ဟာ ဘယ်လိုဖြစ်သွားတာလဲ"

"သဲလဲမသိဘူး ရုတ်တရက်ကြီးသဲကိုအဆက်သွယ်မလုပ်တော့လဲသူ့အလုပ်လိုက်သွားတာ လူကိုခွေးမောင်းသလိုမောင်းလိုက်တယ်"

"အဲ့တိမ်တိုက်လျှံတို့သားအဖကတကယ်မလွယ်ကြောပဲ"

"ဟုတ်တယ် သူ့အဖေတုန်းကအနားတောင်ကပ်မရခဲ့ဘူး သူ့သားတော့ရပီထင်နေတာ ကျစ် စိတ်ရှုပ်လိုက်တာ"

"အဲ့တာအဲ့အဘိုးကြီးကြောင့်သူသာကို့ရဲ့သဲလေးကိုသဘောကျရင် ကိုတို့လဲအဲ့တိမ်တိုက်ဆိုတဲ့ကောင်ကိုအလုပ်ရှုပ်ခံပီးလိုက်စရာမလိုဘူး ဒီလောက်လှတဲ့ကိုယ့်ရဲ့သဲလေးကိုသူမို့လို့မလိုချင်တယ်"

"သူကအသက်ကြီးပီဆိုတော့မျက်လုံးမကောင်းတော့လို့နေမှာပေါ့ ဟက် သေသွားတာတောင်နည်းသေးတယ်!"

"မထင်ရဘူးနော် အဲ့အဘိုးကြီးအဲ့တုန်းကဆေးဒဏ်ကိုတောင့်ခံနိုင်မယ်လို့"

"သူသာခေါင်းမမာပဲ သဲနဲ့အိပ်လိုက်ရင် သေမှာတောင်မဟုတ်ဘူး အလကားလူ သေပေါ့ သူ့အိမ်ကမိန်းမကိုသိပ်သစ္စာရှိပြနေတာ"

သေသွားတဲ့လူကိုအားရဝမ်းသာလှောင်ရယ်နေတဲ့သူတို့နှစ်ယောက်ရဲ့စကားတေကို ဘေးကလူငယ်တစ်ယောက်ကလဲသေသေချာချာလေးမှတ်တမ်းတင်ထားကာမရိပ်မိခင်ထိုနေရာမှထွက်သွားတော့သည်။

"ကိုတို့ဘာဆက်လုပ်ကြမလဲ အဲ့ကောင်ကိုပြန်ပေဆွဲပီးရိုက်စစ်ရင်ရော"

"အဲ့လောက်မလိုသေးဘူး သဲထင်တာမမှားဘူးဆိုရင် တိမ်တိုက်ကတစ်ယောက်ယေက်ကိုချစ်နေတာ"

"ဘယ်သူဖြစ်နိုင်မလဲ"

"သဲနဲ့သူ့ကြားမှာဝင်ပါနေကြသူတစ်ယောက်ရှိတယ်လေ ကိုမှတ်မိလား"

"လေပြည်ဦးဆိုတဲ့ဟိုငနဲလေးလား"

"သဲတော့အဲ့လိုပဲထင်တယ်"

Save Him(Completed)Where stories live. Discover now