Chapter 1.1(ကူးပြောင်းခြင်း/ကူးပြောင်းခြင်း)

6.8K 515 11
                                    

#unicode

"တံခါးဖွင့်! ငါ့ကိုသွားခွင့်ပေး!"
"ငါ့ကိုအခုအပြင်မထွက်ခိုင်းသေးဘူးဆိုရင် ယုံလိုက်၊ ငါ ဒီထင်းတဲပေါ်ကို သေးပန်းလိုက်တော့မှာ!"
လော့ဖေးက သူ့လက်ကောက်ဝတ်ကို နောက်လက်တစ်ဖက်နဲ့ကိုင်လိုက်ပြီး ထင်းတဲတံခါးကို "ဒုန်း" ခနဲ မြည်အောင် ကန်လိုက်သည်။

"ဒုတိယအစ်ကို၊ အခု အစ်ကို့ရဲ့အင်အားတွေကို မဖြုန်းတီးစမ်းပါနဲ့"
ထင်းတဲရဲ့အပြင်ဘက်မှ ငြိမ်သက်ပြီး အကူအညီမဲ့နေတဲ့အသံထွက်ပေါ်လာသည်။
"အဖေပြောထားတယ်လေ၊ ဒီနေ့ဘာကိစ္စပဲရှိရှိ အစ်ကို့ကိုလွှတ်ပေးလို့မရဘူး။ ထားလိုက်ပါ၊ အစ်ကိုမအောင့်ထားနိုင်တော့ရင်လည်း အဲ့မြေကြီးပေါ်မှာပဲ ဆီးသွားလိုက်။ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့အိမ်ရဲ့ ထင်းတဲပဲလေ။ ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး။"

"မရဘူး။ ဘာအကြောင်းနဲ့များ ငါ့ကိုသော့ပိတ်ထားရတာလဲ။"
လော့ဖေး အရမ်းကိုဒေါသထွက်လွန်းလို့ရူးတော့မယ်။
"အဲ့ဒါ ကျန်းယန်းဖန် လက်ထပ်ရုံပဲမလား။ ငါအပြင်ထွက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။ ငါသူ့ကိုကိုက်စားမှာမဟုတ်ဘူး!"

"အဲ့ဒါ အစ်ကို မနေ့ကလည်းပြောခဲ့တာပဲလေ။ ဒါပေမယ့် ကျွန်တော်လွှတ်ပေးလိုက်ရင် အစ်ကိုမြစ်ထဲ ခုန်ချဖို့ကြိုးစားလိမ့်မယ်။"

"ခုန်ချတယ်? ဘယ်ထဲကိုခုန်ချမှာ?"

"မြစ်ထဲခုန်ချမှာ။"
လော့ဖေး ငတုံးတစ်ယောက်လိုလုပ်နေတာရပ်လိုက်ပြီး အမှန်တရားကိုရင်ဆိုင်ဖို့ကြိုးစားလိုက်တယ်။

"ဒုတိယအစ်ကို၊ ကျွန်တောအစ်ကို့ကို ဆုံးမဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ ကျန်းယန်းဖန်က ဘာများအရမ်းကောင်းနေလို့လဲ။ သူကလက်ထပ်သွားပြီပဲကို အစ်ကိုဘာလို့ သူ့အကြောင်းတွေးနေသေးတာလဲ။"

"ဟ.....ဘယ်သူက သူ့အကြောင်းတွေးနေလို့လဲ။"

"အစ်ကိုမဟုတ်ဘူးလား....။ အင်းပါအင်းပါ။ ကျွန်တော်အစ်ကိုနဲ့ပြိုင်ပြီးခေါင်းမာမနေတော့ဘူး။ အဲ့တာကအရေးလည်းမကြီးဘူး။ အဖေကပြောတယ်။ ကျန်းယန်းဖန်ရဲ့ မင်္ဂလာပွဲပြီးတဲ့အထိစောင့်ရမယ်တဲ့။ ပြီးရင် သူအစ်ကို့ကို ထွက်ခွင့်ပြုမယ်တဲ့။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now