1.8K 289 16
#unicode
ရှီယန့်ချင်းက သူ သူ့နောက်သို့ မြန်ဆန်သည့် ခြေလှမ်းများနှင့် မလိုက်မိခင်မှာ မှင်တက်နေသည့် အမူအရာတစ်ခုကိုသာ ဖော်ပြလာလေသည်။ သူ လော့ဖေးရဲ့ လက်ကို ဆွဲလိုက်ပြီး မလှုပ်မရှားကြည့်လိုက်မိသည်။
ဟုတ်ပါပြီ၊ တကယ်တော့ သူ နည်းနည်းစိတ်လှုပ်ရှားနေပြီး ဘာပြောရမှန်း သေချာသိမနေပေ။
လော့ဖေး...... လော့ဖေးက နည်းနည်း ထူးဆန်းနေသလိုပဲ
ရှီယန့်ချင်းသည် အရင်က သူလော့ဖေးကို ထိတွေ့မိရင် လော့ဖေးက မသိစိတ်အလျောက်အမြဲတမ်း ရှောင်ရှားခဲ့ပါကြောင်း သတိရမိသွားသည်။ တခါတလေ သူစိတ်အခြေအနေဆိုးနေသည့် အချိန်မျိုးတွင်ဆို သူက စိတ်မရှည်ပါသည့် အမူအရာတစ်ခုကို ထုတ်ပြလာလိမ့်မည်သာ။ သို့သော် ယခုတွင်မူ၊ ကွဲပြားနေသည်။ သူ အခုလေးတင် လော့ဖေးရဲ့ လက်ကို ဆွဲလိုက်တာလေ။ လော့ဖေးက မလှုပ်ရမ်းပစ်တဲ့အပြင် သူ့ကို ကိုင်ထားခွင့်တောင်ပေးထားလိုက်သေးသည်။
ဘုရားရေ၊ သူ အိမ်မက်မက်နေတာတော့ မဟုတ်ဘူးလားအိမ်မက်မက်နေတာများလား!
ရှီယန့်ချင်းမှာ ရုတ်တရတ် အခြေအနေကို နားလည်နိုင်စွမ်းမရှိတော့ပေ။ သိပ်မကြာသေးခင်က လော့ဖေး ပစ္စည်းတွေကို ပန်းထိုးတုန်းက ကျားကြီးတစ်ကောင်ပုံ ထိုးခဲ့တာမလား။ သူ ရှင်းရှင်းလင်လင်း မှတ်မိတယ်။ ဟန်ရှုရောက်လာပြီး ကျားကြီးကို ထုတ်ပြောမိတုန်းက နေရာမှာတင် လော့ဖေးရဲ့ အသားရောင်ပြောင်းသွားခဲ့တာလေ။ သူ အဲ့အကြောင်း မပြောချင်သလိုမျိုး။ သူက သူ့ရဲ့ ညီဝမ်းကွဲကို တွေးမိနေတုန်းပဲ မဟုတ်ဘူးလား။
ဒါပေမယ့်၊ သူမှာသာ စိတ်နှလုံးအပြောင်းအလဲလေးတစ်ခုရှိနေရင် ဒါက အမြဲတမ်းကောင်းတဲ့ ကိစ္စပဲလေ!
ရှီယန့်ချင်းက ဖွဖွလေး ချောင်းဟန့်လိုက်ပြီး အလွန်အမင်း ရူးနှမ်းပါသည့် မေးခွန်းလေးတစ်ခုကို မေးလိုက်လေသည်။
"မင်း၊ မင်းက အစစ်လား!"
ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now