Chapter-10.1(လက်ဆောင်/လက္ေဆာင္)

1.6K 298 7
                                    

#unicode

နောက်တစ်နေ့တွင် လော့ဖေးနိုးလာခဲ့ပြီး လော့ကျီအားမတွေ့ခဲ့ပေ။ သူက လော့ကျီတစ်ယောက် လယ်ကွက်တွေကို ပိုထွန်ယက်ဖို့ မနက်အရမ်းအစောကြီးထသွားသည်ဟုသာ ထင်ခဲ့တာဖြစ်သည်။ နောက်မှ လော့ကျီက ရှီယန်ချင်းနှင့် မြို့ထဲသို့လိုက်သွားမှန်းသိခဲ့ရလေသည်။

လော့ဖေးမှာအလွန်သောကရောက်သွားရသည်မှာ ဆန်ပြုတ်ပန်ကန်းအား လွတ်ကျပြီးခွဲမိလုနီးပါးပင်။
"ဘာလို့ ကျွန်တော့်ကိုမပြောကြတာလဲ။ ကျွန်တော်လည်းသွားချင်တယ်လေ။"

သူဒီနေရာကိုရောက်နေတာ ရက်ပေါင်းများစွာကြာပြီဖြစ်ပေမယ့် မြို့ကို တစ်ခါမှမ‌ရောက်ဖူးသေးပေ။ ပြီးတော့ မြို့နဲ့ပတ်သက်ပြီး သူမှာရှိတဲ့ထင်မြင်ချက်အားလုံးကလည်း အရင်လော့ဖေးရဲ့မှတ်ဉာဏ်တွေထဲက ဖြစ်သည်။ သူလည်း သွားပြီး တစ်ချက်ကြည့်ချင်သည်လေ။ အထူးသဖြင့် အထည်နဲ့ ပန်းထိုးပစ္စည်းဆိုင်တွေကိုသွား၍ ထိုအရာတွေဘယ်အဆင့်ထိတိုးတက်နေပြီလဲဆိုတာ စစ်ကြည့်ချင်သည်။

"သားသွားချင်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ သူတို့က ချုံအချိန်(၁နာရီမှ ၃နာရီကြား)မှာ သွားကြမယ်လို့ပြောတာလေ။ သားအဲ့လောက်အစောကြီးထနိုင်လို့လား။ "
လီယွဲ့ဟွာက တူတစ်စုံကိုယူလိုက်ပြီး လော့ဖေး၏ခေါင်းအားခေါက်လိုက်၏။
"ဆန်ပြုတ်ကိုသာ လာသောက်ချည်! သားက ဒီလောက်တောင်ကြီးနေပြီကို တစ်ခါမှအဲ့လောက်မစောကြီးမထဖူးဘူးလေ!"

"မား၊ သူတို့ဘာလုပ်နေကြတာလဲဟင်။ သူတို့ တစ်ခုခုသွားဝယ်ကြတာလား။"

"အင်း၊ အဲ့ကောင်လေးရှီက သူတစ်ခုခုဝယ်ချင်လို့လို့ပြောတယ်။ မားလည်း အသေးစိတ်မမေးလိုက်မိဘူး။ မားအထင်တော့ သူတင်တောင်းဖို့အတွက် တစ်ခုခုသွားဝယ်တာဖြစ်လိမ့်မယ်။"

"တင်တောင်းကြေးက ပေးပြီးသားမဟုတ်ဘူးလား။"

"ဟင့်အင်း။ ငတုံးလေး၊ ပေးပြီးသွားတာတဲ့ဟာက စေ့စပ်လက်ဆောင်၊ တင်တောင်းကြေးမဟုတ်ဘူး။ အဲ့တာက မတူတဲ့ကိစ္စနှစ်ခုပဲ။ တင်တောင်းကြေးပြီးရင် သားနဲ့သူနဲ့ကိစ္စကို လုံးဝအထိုင်ချပြီးသွားပြီးပဲ။ တစ်ရွာလုံးလည်းသိသွားကြလိမ့်မယ်။"
လီယွဲ့ဟွာကပြောလိုက်သည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now