Chapter-15.1(လက်ထပ်ကြပြီ/လက္ထပ္ၾကၿပီ)

1.9K 294 8
                                    

#unicode

လော့ဖေးတစ်ယောက် သူ့ရင်ဘတ်နားက အင်္ကျီခေါက်ကြောင်းကို ပြုပြင်နေရင်း ထိုအကြောင်းကို တွေးနေမိသည်။

 တစ်ခုခုတော့ လွဲနေပြီ။ သူ့ရဲ့လက်ထပ်ပွဲနေ့မှာ သူက ကျန်းယန်းဖန်နဲ့တွေ့နေတာကို လူတွေသာမြင်သွားခဲ့ရင် မြစ်ဝါမြစ်ထဲ ခုန်ချလိုက်ရင်တောင် သူ့ကိုယ်သူ သန့်ရှင်းအောင် ဆေးကြောနိုင်တော့မှာ မဟုတ်ဘူး။

၎င်းကို စိတ်ထဲထည့်ထားပြီး လော့ဖေးသည်  တစ်ခဏကြာပြီးနောက် တုန့်ပြန်မှုအနေနှင့် နှစ်ကြိမ်မျှပြန်အော်လိုက်သည်။ မူလဝိဉာဉ်၏အဆိုအရ ထိုအသံများမှာ: "စောင့်ဦး! ခဏနေထွက်လာခဲ့မယ်!" ဟု အဓိပ္ပာယ်ရလေသည်။

သေချာတာပေါ့၊ သူက သိသိသာသာပဲ တကယ် ထွက်သွားမှာတော့ မဟုတ်ဘူးပေါ့။ သို့ဆိုသော်ငြား သူအပြင်မထွက်ဘူးဆိုရင် တစ်ခြားတစ်ယောက်က သူ့အစား ထွက်သွားလိမ့်မယ်လေ!

အချိန်အနည်းငယ်ကြာပြီးနောက်တွင် လော့ရိမှာ အကြံအိုက်စွာပင် ခေါင်းကုတ်၍ ထွက်သွားလေတော့သည်။

ကျန်းယန်းဖန်က အမြဲတမ်း မာနကြီးပြီး စိတ်ကြီးဝင်နေခဲ့တာဖြစ်သည်။ သို့သော်ယခုတော့ ထောင့်နားမှာ သူခိုးတစ်ယောက်ကို ပုန်းကွယ်နေရင်း အစောပိုင်းကောင်းကင်ကြီးကို ငေးကြည့်နေသောကြောင့် သူ့တွင် လူကြီးလူကောင်းနှင့်တူသည့် အကွက် တစ်ကွက်မှပင်ရှိမနေချေ။ သူ့အဖေသာ ဒီအကြောင်းကို သိသွားပါက သူဖတ်ထားခဲ့သမျှစာအုပ်များအားလုံး သူ့ဗိုက်ထဲသို့ ရောက်ကုန်ပြီဟူ၍ အဆူဆဲခံရပေလိမ့်မည်။ သို့ပါသော်ငြားလည်း သူ့အဖေက ဒီမှာ ရှိမနေပေ။ ထို့ကြောင့် ကျန်းယန်းဖန်က အကြာကြီးစောင့်နေခဲ့ပြီး ရံဖန်ရံခါ၌ ခဏလောက် ချောင်းကြည့်ဖို့ ခြံစည်းရိုးနားသို့ သွားတတ်လေသည်။ သူက လော့ဖေးကို ထွက်လာပြီး သူ့ကို တွေ့ဖို့ တောင်းဆိုခဲ့ချိန်တွင် ဘာကိုမှ အများကြီး မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် သူ လော့ဖေးရဲ့ တုန့်ပြန်မှုကို ကြားသောအခါ တကယ့်ကို ပျော်ရွှင်သွားရလေသည်။

လော့အိမ်က တောင်နှင့်သိပ်မဝေးသောကြောင့် တောင်ပေါ်မှ ဝံပုလွေတွေ ဆင်းလာမှာကို ကြောက်နေမိပြီး ခြံစည်းရိုး၏အမြင့်မှာလည်း အတော်မြင့်လှလေသည်။ အခု ကောင်းကင်က အရမ်းမတောက်ပသေးပေ။ ထို့ကြောင့် ကျန်းယန်းဖန်မှာ အထဲဝင်ဖို့ မလွယ်ကူပါချေ။ ကံကောင်းထောက်မ၍ သူစောင့်နေခဲ့သည့် ခြေလှမ်းများမှာ နောက်ဆုံးသို့ ရောက်လာခဲ့လေပြီ။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now