Chapter -6.1(အမှန်တရား/အမွန္တရား)

2.1K 332 2
                                    

#unicode

တံခါးမှာ 'ကျွီ'ကနဲ မြည်၍ ပိတ်သွားလေသည်။ လော့ဖေးမှာ ဖြစ်နိုင်ချေနှစ်ခုကို တွေးမိလေသည်။ ပထမတစ်ခုမှာ၊ သူ၏ဆံပင်သည်အလွန်ရှည်၍ ခါးထိပင်ရှိ‌နေ‌သည်။ ဒါတွေသာ စိုသွားခဲ့လျှင် လွယ်လွယ်နှင်ခြောက်နိုင်မည်မဟုတ်ပဲ အခက်တွေ့ရလိမ့်မည်ပင်။ ဒုတိယတစ်ခုမှာတော့ သူ့ဆံပင်တွေကစိုနေပြီး လူတွေသာတွေ့သွားခဲ့လျှင် အတင်းအဖျင်းတွေပြန့်သွားပြီး သူ့နှလုံးသားကို မသက်မသာဖြစ်အောင် လုပ်လိမ့်မည်ပင်။

ရှီယန်ချင်း၏အမူအရာအရ ပထမတစ်ခုတော့ မဖြစါနိုင်ပေ။ သူက လူတွေလျှောက်ပြောတာကို မလိုချင်၍သာဖြစ်လိမ့်မည်။

ရှီယန်ချင်းက စေ့စပ်ထားတာကနေနှုတ်မထွက်ချင်ပေမယ့် သူဒီမှာရေချိုးတယ်ဆိုတာကိုလည်း လူတွေကို မသိစေချင်ဘူး။ ဧကန္တ ဒီလူက သူ့ရဲ့ဖြူစင်မှုကို ကာကွယ်ပေးနေတာများလား။

သူက ဒီလောက်ကြင်နာတတ်လို့လား။

လော့ဖေးသည် သူ၏လက်များကို ရေချိုးကန်ထဲနှစ်၍ ရေကိုမွှေနေရင်း ရှီယန်ချင်းထွက်သွားသည့်ဖက်သို့ သံသယဖြစ်စွာကြည့်လိုက်မိသည်။

ရေအပူချိန်သည် အရမ်းမအေးသလို အရမ်းလည်းမပူပေ။ အနေတော်ပင်ဖြစ်သည်။ သူ၏လက်တစ်ဝက်လောက် အထဲရောက်သွားသည့်အခါ တစ်ကိုယ်လုံးမှာ အရည်ပျော်ကျလာသလိုခံစားလိုက်ရလေသည်။ ဤသည်မှာ အလွန်သက်တောင့်သက်သာရှိလှသည်။ ဒဏ်ရာမှာ အရမ်းမနာတော့သလိုပင် ထင်ရစေသည်။ သူ့ကိုယ်သူ ထိုထဲသို့ နှစ်မြုပ်လိုက်ရန် စောင့်ပင် မစောင့်နိုင်တော့ချေ။

ထိုအချိန်မှာပဲ လူသေးသေးလေးတစ်ယောက်သည် သူ့စိတ်ထဲတွင် ရုတ်တရတ်အော်လိုက်၏။
~ဒီရေတွေကို ရှီယန်ချင်းပြင်ထားတာလေ။ ရှီယန်ချင်းက ဘယ်သူလဲ။ မင်းရဲ့အချစ်ပြိုင်ဖက်လေ!~

အခြားတစ်ဖက်မှ လူအသေးလေးကလည်းပြောလိုက်သည်။
~သောက်ကျိုးနည်း! အဲ့တော့ဘာဖြစ်လဲ။ လျန်ပေါ်ယွမ်က ဒီမှာတောင်ရှိမနေတာကို၊ သူက ဘယ်လိုလုပ် အချစ်ပြိုင်ဖက်ဖြစ်နေနိုင်ဦးမှာလဲ! သေချာပေါက် ရေနွေးနွေးလေး ချိုးရဖို့က ပိုပြီးအရေးကြီးတာပေါ့!~

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Waar verhalen tot leven komen. Ontdek het nu