Chapter - 28 (အပြစ်လွှဲချတဲ့ သူရဲကောင်း/အျပစ္လႊဲခ်တဲ့ သူရဲေကာင္း)

1.6K 244 5
                                    

#unicode

သူ့နှလုံးသားက လုံးဝပင် မခုန်လှုပ်ပါပဲ အနည်းဆုံး မျက်နှာနည်းနည်းလေးမျှပင် မနီရဲသွားပဲ အပြစ်အား လွှဲချလိုက်သူ ရှီယန့်ချင်းထံဦးတည်၍ လော့ဖေးမှာ ဒေါသထွက်မိလွန်းလို့ ရယ်မိမတတ်ပါပင်။ ဒါက လူတွေကို သောက်ရမ်း အများကြီး အနိုင်ကျင့်နေတာပဲကွ!

ရှီယန့်ချင်းသည် လော့ဖေးအား ကျီစားဖို့ သူ့စိတ်ကို ပြင်ဆင်လိုက်တာကြောင့် မျက်မှောင်ကြုံ့ထားကာ စိတ်ရှုပ်ထွေးနေသည့် အမူအရာတစ်ခုကို တပ်ဆင်ထားရင်း ပြောလိုက်လေသည်။
"ကိုယ် ဒီလိုပစ္စည်းမျိုးကို တခါမှ မဝယ်ခဲ့ဖူးဘူး။ အဲ့အပြင်ကိုမှ၊ ကိုယ်က လတ်တလောမှာ အလုပ်ရှုပ်နေတာလေ၊ မြို့ကို မရောက်ဖူးသေးဘူး။ ဒါကို တယ်တဲ့ဘူက မင်းပဲ ဖြစ်နိုင်လောက်တယ်မလား။"

လော့ဖေးက သူ့စိတ်ထဲတွင် ပြောလိုက်မိသည်။ ခင်များက ဟန်ဆောင်ချင်နေမှတော့ ဒါဆိုလည်း ခင်များ ဘယ်လောက် ဟန်ဆောင်နိုင်မလဲ ကြည့်ကြသေးတာပေါ့! သောက်ကျိုးနည်း၊ ငါတို့ထဲက ဘယ်သူကများ စိုက်ပျိုးရေးကို လေ့လာပြီး ဘယ်သူက သရုပ်ဆောင်အနုပညာကို လေ့လာထားလဲ ကြည့်ကြတာပေါ့။ ခင်များက ဒီသခင်ကြီးရဲ့ ရုပ်ရှင်ဧကရာဇ်စိတ်ဝိဉာဉ်ကို လာခိုးနေတာလား!

ကောင်းပြီလေ၊ ကျွန်တော် ခင်များကို ဟန်ဆောင်ခွင့်ပြုလိုက်မယ်!

လော့ဖေး၏ သူ့မေဂျာတွင် ထူးချွန်မှုများအား ဖုံးကွယ်ထားလိမ့်မည် မဟုတ်!

သူက ခေါင်းကုတ်လိုက်ပြီး တခဏမျှ နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်သည်။
"အိုး ဟုတ်သားပဲ၊ ကြည့်ရတာ ကျွန်တော့်အမေက နောက်ဆုံးတစ်ခေါက် ကျွန်တော်တို့ လက်ထပ်တုန်းက ကျွန်တော့်ကို ဒါပေးခဲ့တဲ့ပုံပဲ။ သူပြောတာကတော့ အထဲမှာ နှုတ်ခမ်းကွဲတာကို ကာကွယ်ပေးတဲ့ နှုတ်ခမ်းဆိုးဆီ ရှိတယ်တဲ့။ ကော သုံးကြည့်မယ်ဆိုရင်ရော။ ဒီပြီးခဲ့တဲ့ နှစ်ရက်မှာ လေထန်တယ်လေ။ ကြည့်ပါဦး၊ ကောရဲ့ နှုတ်ခမ်းလေးတွေ နည်းနည်းတောင်ခြောက်နေပြီ။ ကျွန်တော် ကောကို နည်းနည်းလောက် ကူဆိုးပေးမယ်။" 

"အခုက ဘာရာသီမို့လို့လဲ။ အခုတလော ရာသီဉတုက နှုတ်ခမ်းကွဲတာမျိုး ဖြစ်စေမှာမဟုတ်ဘူးလေ။ ဒါပေမယ့် ဒါက အစိုဓာတ်ပေးတဲ့ ပစ္စည်းအမျိုးအစား ဖြစ်ပုံပေါ်နေမှတော့ မင်း နှုတ်ခမ်းပေါ်မှာ မသုံးဘူးဆို တခြားနေရာမှာလည်း သုံးလို့ရသေးတယ်လို့ မင်း မထင်မိဘူးလား။"
သူက အပြုံးနှင့် မတူသည့် အပြုံးလေးတစ်ပွင့်နှင့် ပြောလိုက်လေသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now