Chapter-15.2(လက်ထပ်ကြပြီ/လက္ထပ္ၾကၿပီ)

1.8K 311 3
                                    

#unicode

ခရီးမှာ အတော်နီးလှသည်။ သို့ဖြစ်၍ အပျော်လေးတွေမှာ ပါဝင်ချင်ကြသည့် လူများသည် အရမ်းဒုက္ခများစရာမတွေ့ကြပေ။ ခရီးအရှည်ကြီးအတွက် အသွားအပြန် ပူစရာမလိုတာကြောင့် သူတို့သည် ရှီယန့်ချင်းနှင့်အတူ ထွက်လာခဲ့ကြတော့သည်။

လော့ဖေးမှာ ပန်းသီး စားလို့ပြီးကာစဖြစ်သော်လည်း ပိုလို့ဗိုက်ဆာလာသည်ဟု ခံစားမိသည်။ လမ်းမှာ ရေအိမ်သွားရန်အဆင်မပြေသောကြောင့် သူတို့ကို သူ့ကို ဘာမှစားခွင့်မပေးပေ။ 
အရမ်းရက်စက်တာပဲ

သူ့မှာရှီယန့်ချင်းအလာကိုသာ စောင့်နေလိုက်ရသည်။ သူ့မိသားစုက တကယ်ပဲ သူ့ကို ဘာမှ မစားခိုင်းဘူး ဟွန့်! လော့ဖေးတစ်ယောက် မစောင့်နိုင်တော့ပဲ အပြင်က လှုပ်ရှားမှာတွေကို နားထောင်ဖို့ နားစွန့်ထားလိုက်မိသည်။ ထို့ကြောင့် အပြင်ဘက်မှ အတီးအမှုတ်အသံတွေကို ကြားလိုက်ရချိန်တွင် သူ့ခန္ဓာကိုယ်မှာ အပြင်ဘက်ကို ပြေးထွက်မိလုနီးပါးပင်။ 

သူ့မျက်နှာဖြူဖျော့ဖျော့ပေါ်မှာ ဘယ်မှာလဲ လက်ထပ်ဖို့အတွက် စိတ်ခံစားချက်တွေ။ ဝက်သားနှပ်အတွက် စိတ်လှုပ်ရှားမှု သက်သက်ပဲ!

အား အသား! ရှီယန့်ချင်းရဲ့ နေရာမှာဆို အစားအသောက်ကောင်းတွေ အလျှံအပယ်ဖြစ်နေမှာ သေချာတယ်!

လော့ဖေး၏များလုံးများမှာ တောက်ပနေပြီး နှုတ်ခမ်းသပ်လိုက်မိသည်။ သူ့ရဲ့ ဝံပုလေလို မျက်နှာက တိုက်ရိုက်ပင် လီယွဲ့ဟွာမျက်နှာပေါ်မှာ စီးကျလာမည့် မျက်ရည်များကို ပြိုကျစေတော့သည်။ 

"မင်း! ဝက်ဝံလိုကလေး!"
လီယွဲ့ဟွာမှာ ငိုရမလို ရယ်ရမလိုပင်။ သူမက လော့ဖေး၏ ရင်ဘက်ကို လှမ်းထိုးလိုက်၏။
"မြန်မြန်၊ ခေါင်းဆောင်းပဝါကို ကျကျနနလွှမ်းလိုက်တော့!"
သားငယ်လေးက သတို့သားအသစ်လေးရောက်လာပြီဆိုပြီး အကြိမ်ပေါင်းများစွာအော်နေတာကို သူမကြားနေရပြီလေ!

"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါဗျာ။"
လော့ဖေးက လီယွဲ့ဟွာ၏လက်ကို ပုတ်ပေးလိုက်သည်။ 
"မား၊ မားမငိုတာကောင်းမယ်နော်! ကျွန်တော်တို့အားလုံးပျော်နေသင့်တာလေဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မားကိုတွေ့ဖို့ နေ့တိုင်းပြန်လာလို့ရနေသေးတာပဲကို။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now