Chapter -2.2(ရှီယွိ/ရွီယြိ)

2.5K 427 10
                                    

#unicode

လော့မိသားစုမှာ အိမ်နှစ်လုံးရှိသည်။ တစ်လုံးမှာ ညီအစ်ကိုသုံးယောက်နေပြီး နောက်တစ်လုံးမှာ မိဘတွေနှင့် ညီမငယ်လေးတို့နေကြသည်။ ယခုတော့ ထိုသမီးလေးမှာ အသက်ကြီးလာပြီဖြစ်၍ လော့မိသားစုမှာ သူ့မအတွက်'မိန်းမငယ်အခန်း'လေး ပြုလုပ်ပေးရန် ပိတ်စကြီးများနှင့် အိမ်ကြီးကိုပိုင်းခြားရလေသည်။

လော့ဖေးက မီးဖိုခံထားသော အုတ်အိပ်ယာ(ခန်)*ကို သူ့ညီအစ်နှစ်ယောက်နှင့်အတူ မျှအိပ်ရသည်။ ညီဖြစ်သူက အပြင်ဘက်မှာ လယ်ယာသုံးကိရိယာများကို စုဆောင်းနေပြီး အထဲဝင်မလာသေးပေ။ ဆောင်းဦးတွင် သူတို့သည် ဥယျာဉ်ထဲ၌စိုက်ပျိုးရန် ပြန်ဆင်ရလေပြီး မိသားစုထဲမှလူတိုင်း အလုပ်များကြရသည်။

ရှေ့တွင်ပြောခဲ့သလိုပင် လော့မိသားစု၏ နေထိုင်မှုအခြေအနေက အတော့်ကိုကောင်းမွန်လေသည်။ ဟွားဖင်းရွာနှင့် အနီးအနားမှရွာတွေထဲမှာတောင် သူတို့မိသားစုက ပိုကောင်းသည့်မိသားစုများထဲမှတစ်စုဟု ယူဆနိုင်လေသည်။ ဝမ်းနည်းစရာကောင်းသည့်အရာမှာ ချွေးမဖြစ်သူ အကြီးဆုံးသားလော့ကျီ၏ ဇနီးလေးမှာ သူတို့လက်ထပ်ပြီး ဒုတိယနှစ်တွင် ဆေးပင်များစုဆောင်းရန် တောင်ပေါ်သို့သွားခဲ့ခြင်းဖြစ်သည်။ သူမပြန်ဆင်းလာပြီးနောက် နာမကျန်းဖြစ်ကာ အိပ်ယာထဲလဲခဲ့ပြီး 'ဆေးကရားကြီး'*ဖြစ်လာလေတော့သည်။လော့မိသားစုက ‌ကြင်နာတတ်၏။ လော့ကျီသည် အိမ်မှ ခွဲထွက်ပြီးသားဖြစ်သည့်တိုင် သူတို့သည် သူတို့ချွေးမ၏ရောဂါကို ကုသဖို့အတွက် ပိုက်ဆံကူပေးနေတုန်းပင်ဖြစ်သည်။

‌လော့ဖေး၏ တူလေးကပါ နာမကျန်းဖြစ်နေသည်ကတော့သနားစရာပင်။ အဆုံးမှာတော့ လော့ကျီမှာ အိမ်ကိုလည်းရောင်းခဲ့ရပြီး သူ့ဇနီးလေးကို ကုသဖို့လည်း မတတ်နိုင်ခဲ့ပေ။

နောက်ပိုင်းမှာ လော့ကျီသည် သူ၏ဇနီးအပေါ်စွဲလမ်းမှုကြောင့် ထပ်ပြီးလက်မထပ်ခဲ့ချေ။

အကယ်၍သာ ဒီလိုကိစ္စမျိုး တခြားသူအိမ်မှာ ဖြစ်ခဲ့မည်ဆိုလျှင် သူတို့ ဒီလိုကူညီပေးရန်ကြိုးစားကြလိမ့်မည်မဟုတ်။ လော့မိသားစုကတော့ ထိုသို့မဟုတ်ပေ။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now