Chapter - 30end (ပထမဆုံးရွှေအိုး/ပထမဆုံးေ႐ႊအိုး)

1.2K 192 18
                                    

#unicode

ရှီယန့်ချင်းမှာ မူလက လော့ဖေးအတွက် စားစရာနည်းနည်းလောက် ဝယ်ပေးချင်ခဲ့တာဖြစ်ပေမယ့် သူမငြင်းလိုက်နိုင်ပေ။ သို့ဖြစ်ရာ စုံတွဲလေးမျာ တို့ဖူးပူတင်းရောင်းသည့် ဆိုင်ငယ်လေးဆီသို့ တိုက်ရိုက်သာ သွားလိုက်ကြတော့၏။ တို့ဖူးပူတင်း တစ်ပန်းကန်စားပြီးနောက် လူငယ်ဇနီးမောင်နှံလေးမှာ တစ်ဖက်လမ်းက ဆေးဖက်ဝင်ဆေးပင်ရောင်းရာဆိုင်ဆီသို့ သွားကြသည်။ ရှီယန့်ချင်းက ဆိုင်ရှင်အဘိုးအိုနှင့် ဆိုင်ထဲမှာ စကားခဏလောက်ကြာအောင် ပြောနေလိုက်သည်။ အဆုံးမှာတော့ ဆိုင်ရှင်က monkshood နှင့် ဆေးပုလဲမြက်ရှည်တို့အား သိမ်းဆည်းလိုက်ပြီး ရှီယန့်ချင်းကို ဆယ့်ငါးယွမ်ပေးလိုက်လေသည်။ ရှီယန့်ချင်းသည်လည်း ဤခေတ်တွင် ဆေးပုလဲမြက်ရှည်အား အရမ်းကြီးတန်ဖိုးထားဖို့ မျှော်လင့်ထား၍ မရကြောင်းသိသည်။ ရှားပါးသည်နှင့်အညီ ဤဆေးပင်အား ဒေသတွင်း သိပ်တွေ့လေ့တွေ့ထမရှိပေ။ သူ၏ စိတ်အားထက်သန်လွန်းသော မျက်စိပါဝါကြောင့်သာမဟုတ်ခဲ့ပါက နောက်ဆုံး၌ သူ ဒီဆယ့်ငါးယွမ်ကိုပင် မရနိုင်တော့မှာ စိုးမိပါရဲ့။

monkshoodကတော့ မရှားပါးသည်ဖြစ်ရာ ရှီယန့်ချင်းက ၎င်းအား မိတ်ဖြစ်ဆွေဖြစ်ပေးသည်ဟု တွေးပြီး ဆေးဆိုင်ပိုင်ရှင်အတွက် နှောင့်နှေးခြင်းမရှိ ထားခဲ့ပစ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းက အရေးမှမပါဘဲလေ။ သူ ပိုပြီး စိုးရိမ်ပူပန်လာမိသည်နှင့်အမျှ လက်ရှိတွင် ဆယ့်ငါးယွမ်မှာလည်း အတော်လေးများနေသေးပါကြောင်း ဝန်ခံရတော့မည်ပင်။ ဤခေတ်ကာလတွင် ဖျားနာနေသည့်သူတစ်ယောက်အတွက် အဖိုးတန်ပစ္စည်းအားလုံးကို အိတ်သွန်ဖာမှောက်သုံးပစ်ရန်မှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စဟု ပြောနိုင်သည်ပင်။ ဤခေတ်တွင် အသက်အာမခံမရှိပါသောကြောင့် ဆေးကုသမှုခံယူဖို့ သမားတော်ပြစရာလိုလာပါက သူတို့၏ ကိုယ်ပိုင်ပိုက်ဆံကိုသာ ထုတ်သုံးရမည်ဖြစ်သည်။ ပေးရမယ့်ဟာကို ပေးရမှာပဲလေ။ ထို့အပြင် ဤနေရာတွင် ဆေးဖက်ဝင်အပင်စိုက်ပျိုးကြီးထွားသည်မှာ အလွန့်အလွန်နည်းပါးသောကြောင့် ဤနေရာရှိ ဆေးဖက်ဆိုင်ရာ ပါဝင်ပစ္စည်းများမှာ ဈေးကြီးလှသည်ပင်။ နောက်ပြီး စိုက်ပျိုးလို့ရနိုင်သည့် အမျိုးအစားများမှာ ပိုလိုတောင် အကန့်အသန့်နှင့်ဖြစ်သေးသည်။ ဆေးဖက်ဝင်အပင်အများစုမှာ တောရိုင်းများဖြစ်သည်။ ဆေးကုန်သည်များထံမှ ဝယ်လေ့ဝယ်ထရှိသည့် အရာများမှလွဲ၍ ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်သည့်အရာများမှာ အခြေခံကျကျပင် အပြင်ဖက်မှ စုဆောင်းရသည်ချည်းပင်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now