Chapter-5(ဖျားယောင်းသွေးဆောင်ခြင်း)

2.5K 339 6
                                    

#unicode

နောက်တစ်နေ့တွင် ကောင်းကင်မှာ နေသာနေဆဲဖြစ်ပြီး အပူချိန်သည် လော့ဖေးကူးပြောင်းလာခဲ့သော နေ့ထက် အနည်းငယ် ပိုမြင့်လေသည်။

လော့ဖေးသည် မနက်စောစောထခဲ့ပြီး မူလတွင်တော့ သူသည် လမ်းပတ်လျှောက်၍ သူ၏ကြွက်သားများ ကြီးထွားလာအောင် လှုပ်ရှားချင်ခဲ့တာဖြစ်သည်။ သို့သော်လည်း သူသည် ပထမခြေလှမ်းသာ လှမ်းရသေးပြီး သူ၏ဖင်မှာ မီးတောက်နေသလို ခံစားလိုက်ရလေသည်။ သူသည် လှမ်းထားသည့် ခြေထောက်ကို နောက်ပြန်ဆုတ်ရန်သာလုပ်နိုင်တော့သည်။ အိပ်ယာထဲတွင် တစ်နေကုန်လှဲနေနိုင်မည့် ဆင်ခြေဆင်လက်များကိုရှာရန် လိုနေလေပြီ။

ထိုအချိန်တွင်ပင် လော့ရိသည် အပြင်ဘက်မှ အော်ခေါ်လာခဲ့လေသည်။
"ဒုတိယအစ်ကို၊ စားဖို့ထွက်လာခဲ့တော့!"

လော့ဖေးမှာ အော်မိလုနီးပါဖြစ်သွားပြီး မေးလိုက်လေသည်။
"ဘယ်အချိန်ရှိပြီလဲ။!"

ကောင်းပြီ၊ သူမနေ့ကလည်း ဒီအချိန်ပဲအိပ်ယာထခဲ့တာ။ ပြီးတော့ တခြားသူတွေထက်လည်း သိပ်နောက်မကျနေဘူး။ ဒါပေမယ့် ဒီနေ့ကျတော့ ဘယ်လိုလုပ် စည်းချက်က ကွဲလွဲနေတဲ့ပုံပေါ်နေရတာတုန်း။

လုံလောက်ပြီ။ သူ၏ဂန္ဓမာမှနာကျင်မှုကို သည်းခံ၍ အပြင်ထွက်လာခဲ့ပြီးနောက် အစားအသောက်များကို စားပွဲပေါ်တွင် ပြင်ဆင်ထားပြီးဖြစ်ကြောင်းတွေ့လိုက်ရလေသည်။ တစ်နေရာစီတွင် 'ရှုပ်ထွေးသော' ဆန်ပြုတ် တစ်ပန်းကန်ဆီရှိနေ၏။

အလယ်တွင် မုန်လာချဉ်ပန်းကန်လေးတောင်ရှိသေးသည်။ ဤသည်တို့မှာ ယနေ့အတွက် မနက်စာပင်ဖြစ်လေသည်။

'ရှုပ်ထွေးသော'ဆန်ပြုတ်ဟုပြောရခြင်းမှာ ထိုအရာမှာ မည်သည်မှန်းပင် မသိကြသော လူငယ်မျိုးဆက်သစ်များ အများအပြားရှိနေလောက်‌လောက်လေမည်။ ဒါက ပြောင်းမှုန့်ကို စွပ်ပြုတ်အရည်ရအောင် ရေနဲ့ရော၍ ပြုတ်ထားရုံသာ။ (TN/ထမင်းရည်လိုမျိုး🤧) သင်၏အိမ်ကသာအခြေအနေကောင်းမယ်ဆိုပါက သကြားလေးပင်ထပ်ထည့်‌နိုင်သေးသည်။ သို့သော် ရှေးခေတ်တွင်တော့ သကြားမှာ အတော်လေးကို ဈေးကြီးလေသည်။ ယေဘူယျအားဖြင့် ကျေးလက်နေပြည်သူများမှာ ၎င်းအတွက် မတတ်နိုင်ကြပေ။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now