Chapter - 18.1 (စိတ်အနှောင့်အယှက်ပေးတဲ့ လူပျိုလေး/စိတ္အေႏွာင့္အယွက္ေပးတဲ့ လူပ်ိ)

2.1K 300 13
                                    

#unicode

လော့ရိမျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ရှေ့ရှိ အဖြူရောင်ကွင်းပြင်တစ်ခုကို မြင်လိုက်ရ၏။ ထိုအချိန်တွင် သူက အနည်ငယ် မူးနောက်နေဆဲဖြစ်တာကြောင့် ဘာများလဲ သိချင်နေခဲ့သည်။ သူက သူ့လက်နှင့် ၎င်းကို သံသယဖြစ်စွာ ပုတ်လိုက်သည်။ သူပုတ်လိုက်ပြီးချိန်မှာ ထိုအရာက တကယ်ကြီး ရွေ့သွား၏! အသက်ရှိတယ်ဟ!

အသက်ရှိတဲ့ ရှီယန့်ချင်းပဲ!

လော့ဖေး ကြောက်လွန်းလို့ သူ့ကို မြန်မြန်တွန်းထုတ်လိုက်သည်။
"ခင်များ! ခင်များဘယ်လိုလုပ် ကျွန်တော့ စောင်ထဲရောက်နေတာလဲ!"

ရှီယန်ချင်းက လှည့်လိုက်ရင်း သူ့မျက်လုံးသူပွတ်လိုက်လေသည်။
"ကိုယ်မရောက်ပါဘူး။"

သူက ဘယ်ညာကြည့်လိုက်ပြီး အထူး အပြစ်ကင်းစွာ ဆိုလိုက်၏။
"ဒါက ကိုယ့်စောင် မဟုတ်ဘူးလား။"

လော့ဖေးက ပါးစပ်ဖွင့်လိုက်ကာ ဂရုတစိုက်ကြည့်လိုက်သည်။ 
ဖာ့ခ်၊ မဖြစ်နိုင်တာ! သူ့စောင်က ကောင်းကောင်းလေး ခေါက်ထားတာ၊ သူ့သခင်ကို စောင့်နေတုန်းပဲ။ ပြီးတော့ သခင်ဖြစ်တဲ့သူကတော့ အိပ်ဖို့ အဲ့တာအောက်ကို မသွားခဲ့ဖူးဘူး!

သူက တရားတယ်ဆိုရင်တောင် ကိစ္စတွေရှင်းရှင်းလင်းလင်းမဖြစ်မချင်း ရှီယန့်ချင်း မငြင်းခုန်နိုင်တာ အသေအချာပဲ။ လော့ဖေးရဲ့ မျက်နှာတစ်ခုလုံး အနီရောင်ပြောင်းသွားလေတော့သည်။
"ဖြစ်_ဖြစ်နိုင်တာက အိမ်မှာဆို စစ်ပေါင်က အမြဲတမ်း ကျွန်တော်စောင်ကို ခိုးခိုးသွားတာကြောင့်ပဲနေမှာ။ ကျွန်တော်က အဲ့တာတွေကို ဘယ်ဘက်မျာ ရှာနေကျဖြစ်နေလို့....အဟမ်း.. ဘယ်အချိန်ရှိပြီလဲ။"

"မောင့်ရှီချိန်ရောက်ကာနီးဖြစ်မယ်။ ကောင်းကင်က ရောင်နီလာနေပြီလေ။"
ရှီယန့်ချင်းက သင့်တင့်လျောက်ပတ်စွာနှင့် အပြင်ဝတ်တွေလဲဖို့ ထလိုက်ရင်း ပြောလိုက်သည်။ သူက သဘာဝကျကျပင် အိပ်ရာထလိုက်ပြီး ပြော၏။
"မင်း အိပ်ချင်နေသေးရင်လည်း ခဏလောက် ဆက်အိပ်လိုက်လေ။ ကိုယ် ရေအပူပေးဖို့ အရင်သွားနှင့်မယ်။"
(Tn/ မောင့်ရှီချိန် = မနက်ငါးနာရီနဲ့ ခုနှစ်နာရီကြား)

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now