Chapter - 29 (end)

1.5K 221 5
                                    

#Unicode

လော့ဖေးက အရုဏ်တက်ချိန်မတိုင်မီ အိပ်ရာထခဲ့သည်။ သူ ရေနံဆီမီးထွန်းဖို့ မီးဖိုချောင်ဆီ သွားလိုက်ပြီး နောက်ဆုံး အမွှေးအိတ်အနည်းငယ်ကို အပြီးသတ်ပန်းထိုးလိုက်ကာ တွေးငေးနေသည့် ကျားပေါက်လေးပုံ ပန်းထိုးထားသော အထူးခြားဆုံးတစ်ခုအား ယူလိုက်သည်။

မည်သည်ကို တွေးမိသည်မသိ၊ သူ့နားရွက်ထိပ်လေးများမှာ ရုတ်တရတ် အနီဖျော့ဖျော့ သန်းသွားလေသည်။

ရှီယန့်ချင်း အပြင်ထွက်လာပြီးနောက် ခေါက်ခွေး​ခြေခုံပုလေးပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေသည့် လော့ဖေးအား မြင်လိုက်ရသော်လည်း သူ့ရောက်လာသည်အား မတုန့်ပြန်ခဲ့ပေ။ သူက တိတ်တိတ်လေး လျှောက်လှမ်းလာလိုက်ပြီး သူ့အား အနောက်မှ ပွေ့ဖက်လိုက်တော့သည်။
"ဘာများဖြစ်လို့လဲ။"

လော့ဖေးက အမွှေးအိတ်ငယ်လေးအား ရှီယန့်ချင်း ရှာတွေ့သွားခြင်းမှ ကာကွယ်ရန် အလျင်အမြန်ကောက်ကိုင်လိုက်သည်။ ရှီယန့်ချင်းထံသို့ လှည့်ကြည့်လိုက်ကာ
"အဝတ်တွေ ကွက်တိကျရဲ့လား။"

ရှီယန့်ချင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"အရမ်း သက်တောင့်သက်သာဖြစ်တယ်၊ မင်းလေးကို ကျေးဇူးတင်ပါတယ်။"

လော့ဖေးက တစ်ချက်လောက်ကြည့်လိုက်ပြီး ၎င်းက တကယ်မဆိုးလှကြောင်း လက်ခံလိုက်သည်။ ရှီယန့်ချင်းသည် အဝတ်စင်တစ်ခုကဲ့သို့ပါပင်၊ သာမန်အဝတ်အစားမျိုးကို ဝတ်ဆင်ထားပါလျှင်တောင်မှ သူက ကျော့ရှင်းလှသည့် ဆွဲဆောင်မှုမျိုးကို ပေးစွမ်းနိုင်ဆဲပါပင်။ အဓိကအကြောင်းအရင်းမှာ သူ့မျက်နှာကလည်း အားကိုးယုံကြည့်၍ ရနိုင်သောကြောင့်ဖြစ်သည်။ လော့ဖေးတစ်ယောက် သူဘာလို့များ ဒီလူဟာ လုံးဝ မချောမောမခန့်ညားပါဘူးဟု တွေးခဲ့မိဖူးရပါကြောင်း အဖြေရှာ၍ မရနိုင်ဖြစ်နေလေသည်။ ဒါက တကယ်တော့ မနာလိုနေခဲ့တာကြောင့်များလား!

ရှီယန့်ချင်းသည် လော့ဖေးကို ပွေ့ဖက်ထားချိန်၌ ပြန်မလွှတ်ပေးချင်သော်လည်း အာရုံတက်ချိန်ဖြစ်နေလေရာ သူ ထင်းခုတ်ရဦးမည်ဖြစ်သည်လေ။

လော့ဖေးကလည်း မနက်စာပြင်ဆင်ရတော့မည်ဖြစ်သည်။ သူက နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး
"ဒီမနက် ပေါက်ဆီနည်းနည်းလောက် ပေါင်းရင်ရော?"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now