Chapter - 29 (part 1)

1.3K 241 13
                                    

#Unicode

"မင်းစိတ်ဆိုးနေတုန်းလား။"
ရှီယန့်ချင်းက ဖိနပ်ချွတ်ကာ အပူပေးအိပ်ရာပေါ်တွင် ထိုင်လိုက်ရင်း သူ့အားမေးလာသည်။ သူ တစ်ခုခုပြောတော့မည့်အချိန်မှာပဲ လော့ဖေးက ခေါင်းလှည့်သွားပြီး သူ့အား လျစ်လျူရှုပစ်လိုက်၏။ သူက အပြုံးလေးတစ်ပွင့်နှင့်
"ထားလိုက်ပါတော့၊ တစ်ယောက်ယောက်က စိတ်ဆိုးနေတုန်းဆိုမှတော့၊ ကြည့်ရတာ ကိုယ့်စိတ်ကောင်းစေတနာလေးတွေကို မပြနိုင်တော့ဘူးထင်တယ်။"
ဒီဒေါသအိုးအသေးလေးကတော့၊ ငါးပူတင်းလေးလိုပဲ၊ ပူဖောင်းပြီး ပေါက်ကွဲတော့မလိုလို၊ သူ့ကို ရက်အတော်များများ စကားပြောမှာ မဟုတ်တော့ဘူး။

"ဘယ်သူက ခင်များသွားတွေကို ဖြတ်ပြီး ခင်များကို လိမ်ခိုင်းလို့လဲ။"
လော့ဖေးတစ်ယောက် ဟန်ရှုက သူသည် ဒီအဆီကို ဝယ်လာသည့်သူဟု ထင်သွားသည်ကို တွေးမိလိုက်တော့ ဒေါသထွက်လာတော့၏။

"ကိုယ် နောက်နေတာမဟုတ်ဘူး.......အဲ့အပြင်၊ အဲ့တာကို အိမ်ကနေယူလာခဲ့တာပါလို့ ပြောခဲ့တဲ့သူက မင်းလေ၊ မဟုတ်လို့လား။"
ရှီယန့်ချင်းက ချော့ချော့မော့မော့ပြောလာသည်။
"ကောင်းပါပြီ ကောင်းပါပြီ၊ စိတ်မဆိုးပါနဲ့တော့ကွာ။ ဒီည ညစာအတွက် ဟင်းပွဲနည်းနည်းလောက် ထပ်ထည့်ရအောင်ပါ။"

"ဘာဟင်းထပ်ထည့်မှာလဲ။"
ဒီနေ့ရက်တွေက အတော်လေး ကောင်းမွန်နေပြီးဖြစ်သည်။ ဟင်းရွက်ခြံထဲရှိ တရုတ်ဂေါ်ဖီထုပ်အသေးလေးများ စားဖို့ အဆင်သင့်ဖြစ်နေကတည်းက ထမင်းစားပွဲပေါ်ရှိ အမျိုးအမည်များမှာ သိသိသာသာကိုပင် သူတို့ ပထမဆုံး ရောက်ရှိချိန်တုန်းကထက် အများကြီးပိုလို့ ပေါများပြည့်လျှံနေတော့သည်။ နောက်ဆုံးတော့ ၎င်းက နေ့တိုင်းနေ့တိုင်း ဆားရည်စိမ်ဟင်းရွက်များကို စားနေရသည်လောက် မဆိုးရွားပါပေ။

"အပြင်ထွက်ပြီး ကိုယ့်ဘာသာ ကြည့်ကြည့်ရင် မင်းသိလိမ့်မယ်။"

"ဒီအတိုင်းသာ ပြောစမ်းပါ။ ဘာလို့ ရင်ဖိုအောင်လုပ်နေတာလဲ။"
လော့ဖေးသည် အိပ်ရာပေါ်မှ ထလိုက်ပြီး ဖိနပ်ဝတ်လိုက်၏။
"ကော အသားတွေ ဝယ်နိုင်သွားတာများ ဖြစ်လောက်လား။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now