Chapter - 17 (မြည်းကလေး/ျမည္းကေလး)

2.2K 333 23
                                    

#unicode

လော့ဖေးမှာ ခြောက်လွှတ်ခံလိုက်ရရုံသာမဟုတ်။ သူက ကြောက်လွန်းလို့ သေးထွက်ကျလုနီးပါးပဲ!!!

ဘယ်လိုလုပ်ပြီး ရှီယန်ချင်းက လက်ထပ်လိုက်ပြီးတော့ ရုတ်တရတ် တခြားတစ်ယောက်လို ပြောင်းလဲသွားရတာလဲ။ အားးးးးးးးးးးးးးးးးးးးးးးး!! သူက မမျှော်လင့်ထားပဲ သူ့ကို လျှို့လျှို့ဝှက်ဝှက်နမ်းသွားတယ်။ ပြီးတော့ သူ့ကို အဲ့တာလုပ်ဖို့ မက်မွန်ပင်ပေါ်မှာတောင် ဖိထားရဲသေးတယ်! ဖီ! မဟုတ်သေးဘူး! မက်မွန်ပွင့်တွေဝေဆာနေတဲ့အပင်ရဲ့ ပင်စည်ပေါ်မှာ အဖိခံရတာ! သူက ရှင်းရှင်းလင်းလင်းကြီးကို လူသားအသွင်ရှိပေမယ့် သားရဲနှလုံးသားနဲ့ကောင်ကြီး!!!

(tn/ author က စကားလုံးကစားထားတာ၊ 'ပင်စည်ပေါ်'ဆိုတာက 'shu gan shang'ဆိုပြီးပြောတာ ။ 'လော့ဖေးက သစ်ပင်ပင်စည်ပေါ်မှာ အဖိခံရတယ်ပေါ့'။ အဲ့တာကို ဖေးဖးက မတော်တဆ 'shu shang gan' လို့ မှားသုံးမိသွားတာ။ အဲ့တော့ 'သင်ပင်ပေါ်မှာလုပ်တယ်' လို့ အဓိပ္ပာယ်ဖြစ်သွားရော......🤣🤣🤣......e tranကတော့ အိုးမလုံအုံပွင့်နေတာတဲ့!!!)

သူက ဒီလို ရှီယန့်ချင်းဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး!!!

လော့ဖေးတစ်ယောက် သူ့ကိုယ်သူ အိမ်ထဲမှာ ပိတ်ထားပြီး အိပ်ရာပေါ်ထိုင်လိုက် နောက်တစ်ခဏလောက်မှာ ပြန်ထလိုက် နှင့် ဖြစ်နေတော့သည်။ သူက သံမိုးပူပူပေါ်က ကြောင်တစ်ကောင်လို့ ရှေ့နောက်လျှောက်နေရင်း ရှီယန့်ချင်းမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်မရှိလောက်ကြောင်း တစ်ချိန်လုံးခံစားမိနေသည်။ 

ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်တစ်ယောက်က သူနဲ့ ဒီနှစ်အတွက် idol dramaတစ်ခုမှာ Role ပြောင်းဖို့လာကမ်းလှမ်းတဲ့အချိန်မှာတောင် သူက သဘောတူခဲ့တာမဟုတ်ဘူး။ သူဘယ်လိုလုပ် ရှီယန့်ချင်းကို သဘောတူနိုင်မှာလဲ!!!
(tn/ ဆိုလိုတာက role မချိန်းဘူးပေါ့😆)

လုပ်မှာမဟုတ်ဘူးကွ!

ပထမဆုံး၊ သူ့မှာ ရှီယန့်ချင်းရဲ့ စိတ်ထဲက အတွေးတွေကို ရှင်းလင်းပစ်ဖို့ နည်းလမ်းရှာရဦးမယ်။ သူလိုချင်တာက သဟဇာတဖြစ်တဲ့ ဆက်ဆံရေးတစ်ခုပဲ။ သူ့ကိုကြိုက်တဲ့ ဘယ်သူမဆိုနဲ့ အတူနေလိုက်တာမျိုးမဟုတ်ဘူး!!

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now